EPL: အရင်တုန်းက ယစ်ထုပ်ကြီး ဖြစ်ခဲ့ဖူးတဲ့ တိုက်စစ်မှူး ဗာဒီ

လွန်ခဲ့တဲ လေးနှစ်လောက်တုန်းက အရက်သောက်ပြီး လေ့ကျင့်ရေးကွင်း လာခဲ့သူဟာ အခုတော့ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ပါပြီ။

play

 

လက်စတာ အသင်းတိုက်စစ်မှူး ဗာဒီဟာ အသင်းနဲ့ အခုလို ချန်ပီယံမဖြစ်ခင် ဘဝတုန်းက ယစ်ထုတ်ကြီးတစ်ယောက် ဖြစ်ခဲ့ဖူးကြောင်း အသင်းပိုင်ရှင်ရဲ့ သားဖြစ်သူ အသင်းဒုဥက္ကဌ သီရီဝဒေနပရာဗ က ထိုင်းမဂ္ဂဇင်း တစ်ခုကို ဝန်ခံပြောလိုက်ပါတယ်။

play

 

လက်စတာ တိုက်စစ်မှူး ဗာဒီကို ၂၀၁၂ ခုနှစ်တုန်းက အသင်းငယ်လေး တစ်သင်းဖြစ်တဲ့ ဖလိဒ်ဝုဒ်တောင်းထံကနေ ပေါင် ၁ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ အသင်းငယ်လေး ထံကနေ ချန်ပီယံရှစ်ကို ရောက်လာခါစမှာ  တိုက်စစ်မှူးဗာဒီအတွက် နေသားမကျ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အသင်းကို ရောက်ခါစ နေ့တွေတုန်းက ဗာဒီဟာ နေ့စဉ်လိုလို အရက်သောက်ပြီး လေ့ကျင့်ရေးကွင်း လာလေ့ရှိပါတယ်။ အသင်းတာဝန်ရှိသူတွေအနေနဲ့ ဗာဒီရဲ့ကိစ္စကို ဘယ်လိုကိုင်တွယ်ရမှန်းမသိ ဖြစ်ခဲ့တယ်လို့ သီရီဝဒေနပရာဗ က ပြောပါတယ်။

play

 

"ဗာဒီတစ်ယောက် ဒီလိုဖြစ်နေတယ်ဆိုတာ အသင်းတာဝန်ရှိသူတွေ ပြောမှ ကျွန်တော်သိခဲ့တာပါ။ ကျွန်တော်ကိုယ်တိုင်ပဲ သူနဲ့ စကားပြောခဲ့တယ်။ မင်းဒီလို ဖြစ်နေရင်တော့ မင်းကို စာချုပ်သက်တမ်းလည်း တိုးမှာမဟုတ်ဘူး။ မင်းရဲ့ ကစားသမားဘဝလည်း ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး ဆိုပြီး ပြောခဲ့တယ်။ ဒီတော့ သူကပြန်ပြောတယ်။ သူလည်း ဘဝမှာ ဘာလုပ်ရမှန်း မသိဖြစ်နေတယ်တဲ့။ ဘောလုံးကန်ပြီး ပိုက်ဆံအများကြီး ဘယ်တုန်းကမှ မရခဲ့ဘူးတဲ့လေ"

play

 

နောက်ပိုင်းမှာ အသင်းက ဗာဒီကို ဝယ်ယူပြီး ရင်းနှီးမြုပ်နှံထားတာ ဖြစ်တဲ့အတွက် တစ်ခုခု ပြန်လည်ကြိုးစားပေးစေလိုကြောင်း ပြောခဲ့ပြီးတဲ့ အခါမှသာ ဗာဒီဟာ ပုံမှန် ဘောလုံးသမား တစ်ယောက်ဘဝကို ပြန်ရောက်ခဲ့တယ်လို့ အသင်းရဲ့ ဒုဥက္ကဌက ပြောပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ