EPL: ၇ နှစ်ကြာပြီးနောက် မစ်ဒယ်ဘရော့ ပရီးမီးယားလိဂ်သို့ ပြန်ရောက်လာ

ယခုနှစ် ဘောလုံးရာသီ ချန်ပီယံရှစ် ပွဲစဉ်များ ပြီးဆုံးချိန်မှာ ဘန်လေနဲ့ မစ်ဒယ်ဘရော့ အသင်းတို့က ပရီးမီးယားလိဂ်ကို တိုက်ရိုက် တက်ရောက်ခွင့်ရခဲ့ပါတယ်။

play


အင်္ဂလန် ချန်ပီယံရှစ် ပွဲစဉ် (၄၆) နောက်ဆုံးပွဲစဉ်ကို ယနေ့ (မေလ ၇ ရက်) ယှဉ်ပြိုင်ကစားခဲ့ရာ မစ်ဒယ်ဘရော့နဲ့ ဘရိုက်တန်တို့ တစ်ဂိုးစီ သရေရလဒ်ဖြစ်ခဲ့ပြီး မစ်ဒယ်ဘရော့က ပရီးမီးယားလိဂ်သို့ တိုက်ရိုက် တန်းတက်ခွင့်ရသွားခဲ့ပါတယ်။

play


မစ်ဒယ်ဘရော့နဲ့ ဘရိုက်တန်တို့ဟာ ချန်ပီယံရှစ် အမှတ်ပေးဇယားမှာ ရမှတ်တူညီပြီး ပေးဂိုး သွင်းဂိုးကွာခြားချက်အရ မစ်ဒယ်ဘရော့က အဆင့် ၂ နဲ့ ဘရိုက်တန်က အဆင့် ၃ မှာ ရပ်တည်နေခဲ့ပါတယ်။

play


ယခုပွဲစဉ် သရေရလဒ်ကြောင့် ရမှတ် ၈၉ မှတ်စီဖြင့် တူညီခဲ့ပြီး မစ်ဒယ်ဘရော့က ဂိုးကွာခြားချက်အရ အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ကာ ပရီးမီးယားလိဂ်ကို တိုက်ရိုက် တက်ရောက်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

play


မစ်ဒယ်ဘရော့က ဦးဆောင်ဂိုး စတင်ရရှိခဲ့တာဖြစ်ပြီး အဆိုပါ ဂိုးကို ပွဲကစားချိန် ၁၉ မိနစ်မှာ တောင်ပံကစားသမား စတူအာနီက သွင်းယူခဲ့ပါတယ်။

play


ဒုတိယပိုင်း ပွဲကစားချိန် ၅၅ မိနစ်မှာ ဘရိုက်တန်အတွက် ချေပဂိုးကို စတီဖင်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ် ဘောလုံးရာသီ ချန်ပီယံရှစ် ပွဲစဉ်များ ပြီးဆုံးချိန်မှာ ဘန်လေနဲ့ မစ်ဒယ်ဘရော့ အသင်းတို့က ပရီးမီးယားလိဂ်ကို တိုက်ရိုက် တက်ရောက်ခွင့်ရခဲ့ပါတယ်။

play


မစ်ဒယ်ဘရော့အသင်းဟာ တန်းဆင်းသွားခဲ့ရပြီး ခုနစ်နှစ်အကြာမှ ပရီးမီးယားလိဂ်ကို ပြန်လည် တက်ရောက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

play

ပရီးမီးယားလိဂ်ကို တက်ရောက်ခွင့်ရမယ့် တတိယမြောက် ချန်ပီယံရှစ် အသင်းအဖြစ် ဘရိုက်တန်၊ ဟားလ်စီးတီး၊ ဒါဘီနဲ့ ရှက်ဖီး အသင်းတို့ ယှဉ်ပြိုင်ကစားရမယ့် play-off ပွဲစဉ်များမှ တစ်သင်းက တက်ရောက်ခွင့်ရမှာပါ။
Source & Photo: BBC, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ