EPL: အဲဗာတန်ကို ဂိုးပြတ် အနိုင်ယူလိုက်သည့် ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာ

, updated

ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖူးတဲ့ အသင်းငါးသင်းထဲမှာ လက်စတာ ပါဝင်လာပါပြီ။

play


လက်စတာအသင်းက ချန်ပီယံဖြစ်ဖို့ သေချာနေခဲ့ပြီဖြစ်ပေမဲ့လည်း အိမ်ကွင်းနောက်ဆုံးပွဲစဉ်မှာ အဲဗာတန်အသင်းကို သုံးဂိုးပြတ် အနိုင်ယူနိုင်ခဲ့ပါတယ်။ လက်စတာရဲ့ တည်ငြိမ်တဲ့ ကစားပုံဟာ ချန်ပီယံဖြစ်ဖို့ ထိုက်တန်ကြောင်း ပြနိုင်ခဲ့ပါတယ်။

play

 

play

ပွဲစပြီး ငါးမိနစ်အကြာမှာတင် ဒီနေ့ပွဲ ပြန်ပါလာနိုင်တဲ့ တိုက်စစ်မှူး ဗာဒီက အဖွင့်ဂိုး သွင်းနိုင်ခဲ့တာပါ။ ၃၃ မိနစ်မှာ နောက်ထပ်တစ်ဂိုး ထပ်ရပြန်ပါတယ်။ အသင်းကစားသမား မာရက်ဇ်ရဲ့ ထိုးဖောက်မှုကတစ်ဆင့် အန်ဒီကင်းက သွင်းယူသွားနိုင်ခဲ့တာပါ။

play

 

play

 

ဒီနေ့ပွဲမှာ အဲဗာတန်က လက်စတာကို ခြိမ်းခြောက်နိုင်မှု အတော်အားနည်းခဲ့ပါတယ်။ ဒုတိယပိုင်း ၆၄ မိနစ်မှာ လက်စတာအတွက် ပင်နယ်တီရခဲ့ပြီး ဗာဒီကပဲ ကန်သွင်းယူလိုက်လို့ သုံးဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

play

၁၉၉၂ ခုနှစ်က စတင်ပြောင်းလဲခဲ့တဲ့ ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ခဲ့ဖူးတာ မန်ယူ၊ အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ မန်စီးတီးနဲ့ ဘလက်ဘန်းတို့ လေးသင်းသာ ရှိပါတယ်။ အခုတော့ လက်စတာက ချန်ပီယံစာရင်းဝင်တဲ့ ငါးသင်းမြောက် အသင်းဖြစ်လာခဲ့ပါပြီ။
More photos

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ