EPL: ကာဆီနိုမှာ ပေါင် ၂.၅ သန်းခွဲ အနိုင်ရသွားတဲ့ လက်စတာ အသင်းပိုင်ရှင်

, updated

လက်စတာအသင်းပိုင်ရှင်အတွက်တော့ ကံဇာတာ တက်နေတဲ့ နှစ်ဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာအသင်းရဲ့ ပိုင်ရှင်ဖြစ်သူ ထိုင်းဘီလျံနာ ဝိချိုင်အတွက်တော့ ၂၀၁၆ ခုနှစ်ဟာ ကံဇာတာတွေတက်နေတဲ့ နှစ်လို့ ဆိုနိုင်ပါတယ်။

play

 

လက်စတာအသင်းဖလားရဖို့ သေချာခဲ့ပြီး နောက်တစ်ရက်မှာပဲ ဘီလျံနာဝိချိုင်က ကာစီနိုမှာ စတာလင်ပေါင် ၂.၅ သန်းခန့် အနိုင်ရခဲ့တယ်လို့ သိရပါတယ်။ The Sun သတင်းစာရဲ့ ဖော်ပြချက်အရ လက်စတာမြို့အတွင်းမှာရှိတဲ့ Ganting ကာဆီနိုမှာ လောင်းကြေးတွေ အနိုင်ရခဲ့တာဖြစ်ပါတယ်။ လက်စတာအသင်း ချန်ပီယံဖြစ်လို့ အမြတ်ငွေတွေ၊ ဆုကြေးတွေ တိုးလာတဲ့အချိန်မှာ နောက်ထပ် ဝင်ငွေတွေ ထပ်တိုးနေတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

play

 

ဒီရာသီ လက်စတာအသင်းရဲ့ အိမ်ကွင်းနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အဲဗာတန်နဲ့ ပွဲမှာလည်း ပရိသတ်တွေကို ဘီယာအခမဲ့တိုက်မယ်လို့ ကတိပေးထားခဲ့သူ ဖြစ်ပါတယ်။ ယခင် အကြိမ်တွေကလည်း ပရိသတ်တွေကို မကြာခဏ ဘီယာအခမဲ့ တိုက်လေ့ရှိသူပါ။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ