EPL: မော်ရင်ဟို ရောက်လာလျှင် ရိုင်ယန်ဂစ် အသင်းနှင့် လမ်းခွဲမည်

မော်ရင်ဟိုလက်အောက်မှာ လက်ထောက်နည်းပြမလုပ်ဖို့ ရိုင်ယန်ဂစ်ကို သူ့သူငယ်ချင်းတွေက တိုက်တွန်းထားပါတယ်။

play

 

မန်ယူအသင်းက ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုကို ခန့်အပ်မှာ သေချာခဲ့မယ်ဆိုရင် လက်ရှိအသင်းလက်ထောက်နည်းပြ ရိုင်ယန်ဂစ်က အသင်းနဲ့ လမ်းခွဲမှာဖြစ်တယ်လို့ သိရပါတယ်။

play

 

ယခုနှစ် ရာသီအကုန်မှာ အသင်းကို မော်ရင်ဟို ရောက်လာတာနဲ့ ရိုင်ယန်ဂစ်ကို အသင်းက စွန့်ခွာဖို့ သူ့ရဲ့ အသင်းဖော်ဟောင်းတွေက တိုက်တွန်းထားပါတယ်။ အသင်းဖော်ဟောင်းတွေဆိုတာ အထူးသဖြင့် ၁၉၉၂ မျိုးဆက်လို့ခေါ်တဲ့ ပေါလ်စခိုး၊ နဗီးလ်ညီနောင်၊ ဘက်ခမ်းနဲ့ နစ်ကီဘတ်တို့ အဖွဲ့ကို ဆိုလိုတာပါ။ မော်ရင်ဟိုရဲ့ လက်အောက်မှာ လက်ထောက်နည်းပြ ဆက်မလုပ်ဘဲ နောက်ထပ်အသင်းတစ်သင်းမှာ နည်းပြလုပ်ဖို့ ဂစ်ရဲ့ အသင်းဖော်ဟောင်းတွေက အကြံပြုထားကြောင်း Sunday Pepole သတင်းစာက ရေးသားဖော်ပြပါတယ်။

play

 

ဖာဂူဆန်အနားယူပြီးတဲ့နောက်မှာရိုင်ယန်ဂစ်က ဒေးဗစ်မိုယက်စ်၊ ဗန်ဟားလ်တို့နဲ့ လက်တွဲပြီး လက်ထောက်နည်းပြ လုပ်ခဲ့သူဖြစ်ပါတယ်။ မော်ရင်ဟိုကလည်း မန်ယူကို ကိုင်တွယ်ခွင့်ရခဲ့မယ်ဆိုရင် ရိုင်ယန်ဂစ်ကိစ္စကို ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ မသိရသေးပါဘူး။ မော်ရင်ဟိုမှာတော့ ကိုယ်ပိုင်နည်းပြအဖွဲ့ဝင်တွေ ရှိနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ