EPL: လက်စတာ ကစားသမား မာရက်ဇ် အသင်းမပြောင်းသေးပါ

လက်စတာကစားသမားတွေထဲမှာ မာရက်ဇ်ရဲ့ အပြောင်းအရွှေ့သတင်းက အလှုပ်ခပ်ဆုံး ဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာအသင်း ကစားသမား မာရက်ဇ်က အပြောင်းရွှေ့ကိစ္စနဲ့ ပတ်သက်ပြီး ပထမဆုံး အကြိမ်ထုတ်ပြောလိုက်ပါတယ်။ လာမယ့်ရာသီမှာ လက်စတာအသင်းမှာပဲ သူဆက်ရှိမှာ ဖြစ်တယ်လို့ မာရက်ဇ်က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

play

 

လာမယ့် အပြောင်းအရွှေ့ဈေးကွက်မှာ လက်စတာအသင်း ကစားသမား မာရက်ဇ်က အသင်းပြောင်းဖို့ ကောလာဟလ အထွက်ဆုံး ကစားသမားတစ်ဦးလည်းဖြစ်နေပါတယ်။ ဒါပေမဲ့ အသင်းပိုင်ရှင်နဲ့ နည်းပြရေနီယာရီကတော့ အသင်းကနေ မာရက်ဇ်ကို ရောင်းထုတ်မှာမဟုတ်ဘူးလို့ အာမခံထားပါတယ်။ ခင်ဗျား  အသင်းပြောင်းမယ့် ကောလဟလတွေအပေါ် တိတိကျကျဖြေရှင်းချက် ပေးနိုင်မလားဆိုတဲ့ မေးခွန်းအပေါ် မာရက်ဇ်က ပေးနိုင်ပါတယ်ဆိုပြီး ပြန်လည်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။

play

 

မကြာသေးခင်ကပဲ မာရက်ဇ်ရဲ့ အေးဂျင့်ဖြစ်သူက နောက်ရာသီ အသင်းမှာ မာရက်ဇ်ဆက်ရှိဖို့ ငါးဆယ်ရာခိုင်နှုန်းပဲ သေချာတယ်လို့ ပြောထားပါသေးတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ