EPL: ချယ်လ်ဆီး ကစားသမား မာတစ် မန်ယူရောက်ဖွယ်ရှိ

မော်ရင်ဟို မန်ယူရောက်လာခဲ့ရင် ချယ်လ်ဆီးက မာတစ်ကို အရင်ခေါ်ယူမယ်လို့ သိရပါတယ်။

play

 

မန်ယူအသင်းကို မော်ရင်ဟို ရောက်လာခဲ့မယ်ဆိုရင်  ချယ်လ်ဆီးအသင်းက သူ့ရဲ့ ကစားသမားဟောင်း မာတစ်ကို ပြန်လည်ခေါ်ယူသွားမယ်လို့ သိရပါတယ်။ မာတစ်က လက်ရှိရာသီမှာ ခြေစွမ်းပြဖို့ရုန်းကန်နေရပြီး အလှည့်ကျ ပွဲထွက်ခွင့်သာ ရနေတာပါ။

play

 

မာတစ်ကို မော်ရင်ဟိုက ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အပြင် အီတလီကလပ် ဂျူဗင်တပ်အသင်းကလည်း စိတ်ဝင်စားနေပြန်ပါတယ်။ ချယ်လ်ဆီးဘက်က နည်းပြသစ် ကွန်တီလက်ထက်မှာ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့အတွက် မာတစ်ကို အပြောင်းအရွှေ့ အစိတ်အပိုင်း တစ်ရပ်အနေနဲ့ ဂျူဗင်တပ်အသင်းထံ ပြန်လည်ရောင်းချဖွယ် ရှိနေပါတယ်။

play

 

ဒါပေမဲ့ မာတစ်ကိုယ်တိုင်ကတော့ မော်ရင်ဟိုနဲ့ မန်ယူအသင်း သဘောတူညီမှုရပြီး စာချုပ်အပြီးသတ်ချုပ်ဆိုတာကို စောင့်နေရတယ်လို့ ဒေးလီးမေးလ် သတင်းစာက ဖော်ပြပါတယ်။ မန်ယူအသင်းအနေနဲ့ နောက်ဆုံးပွဲစဉ်အပြီးမှာ ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့ဘူးဆိုရင်တော့ လက်ရှိနည်းပြ ဗန်ဟားလ်နဲ့ လမ်းခွဲရဖွယ် ရှိနေပါတယ်။ ဒါကြောင့် မာတစ်ရဲ့ အပြောင်းအရွှေ့ဟာ မန်ယူအသင်း ချန်ပီယံလိဂ် ဝင်၊ မဝင်ဆိုတဲ့အပေါ်မှာလည်း မူတည်နေပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ