EPL: ဖယ်လ်လိုင်နီ ပွဲပယ်ခံရချိန်တွင် တိုက်စစ်မှူး ကာရိုးလ်ကို မထိန်းနိုင်မည်ကို ဗန်ဟားလ်စိုးရိမ်

ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မန်ယူက ဒီနေ့ ကစားရမယ့်ပွဲမှာ ဝက်စ်ဟမ်ကို အနိုင်ကစားရမှာပါ။

play

 

ဝက်စ်ဟမ်းအသင်းနဲ့ ယနေ့ည ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်အတွက် မန်ယူအသင်းနည်းပြ လူးဝစ္စဗန်ဟားလ်က စိုးရိမ်လျှက်ရှိပါတယ်။ အထူးသဖြင့် ဝက်စ်ဟမ်း အသင်းရဲ့ အမြင့်ဘော ကစားပုံတွေကို ရင်ဆိုင်ရတဲ့အခါ အန်ဒီကာရိုးလ်လို အရပ်အမောင်းကောင်းတဲ့ တိုက်စစ်မှူး ရှိနေတာကြောင့် ဗန်ဟားလ်က စိုးရိမ်နေတာ ဖြစ်ပါတယ်။

play

 

မန်ယူအသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရနိုင်ဖို့အတွက် ယနေ့ကစားမယ့် ဝက်စ်ဟမ်းနဲ့ ပွဲအပါအဝင် နောက်ထပ်ကစားရမယ့် တစ်ပွဲ အနိုင်ရမယ်ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ အက်ဖ်အေဖလားမှာ တွေ့ခဲ့တုန်းက ဝက်စ်ဟမ်းအိမ်ကွင်းမှာ မန်ယူက ၁-၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

အဲဒီတုန်းက ဝက်စ်ဟမ်းအသင်း တိုက်စစ်မှူးကို လူကပ်ကစားခဲ့သူက မန်ယူကစားသမား ဖယ်လိုင်နီဖြစ်ပါတယ်။ အခု ဖယ်လိုင်နီက ပွဲပယ်ခံထားရတဲ့အတွက် မန်ယူအသင်းဘက်မှာ စိုးရိမ်စရာ အခြေအနေ ဖြစ်ပါတယ်။

play

 

" ကျွန်တော်ကာရိုးလ်ရဲ့ ခြေစွမ်းက အသင်းကို ခြိမ်းခြောက်နိုင်မှာကို တကယ်ပဲ စိုးရိမ်မိတာပါ" လို့ နည်းပြဗန်ဟားလ်က ပြောပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ