EPL: လာမည့်နှစ်တွင် ဂျွန်တယ်ရီ တရုတ်စူပါလိဂ် ရောက်ဖွယ်ရှိ

ဂျွန်တယ်ရီနဲ့ ချယ်လ်ဆီးက လက်ရှိရာသီကုန်ရင် စာချုပ်သက်တမ်းကုန်တော့မှာ ဖြစ်ပါတယ်။

play

 

ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်တော့မှာဖြစ်တဲ့ အသင်းခေါင်းဆောင် ဂျွန်တယ်ရီဟာ တရုတ်စူပါလိဂ်ကလပ်ကို ပြောင်းရွှေ့ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

play

 

တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင် ဂျွန်တယ်ရီက တစ်နှစ် လုပ်ခလစာ ပေါင် ၁၂ သန်းလောက် ရရှိဦးမှာဖြစ်ပြီး ကမ္ဘာ့လုပ်ခလစာ အများဆုံး ကစားသမား တစ်ဦး ဖြစ်နေဦးမယ်လို့  The Sun သတင်းစာက ဖော်ပြပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျွန်တယ်ရီကို ပရိသတ်တွေက အသင်းမှာ ဆက်ရှိနေစေချင်ပေမဲ့လည်း အသင်းရဲ့ ပေါ်လစီအရ နောက်ထပ် စာချုပ်ထပ်မတိုးတော့ဖို့သာ များနေပါတယ်။

play

 

ဂျွန်တယ်ရီကို တရုတ်စူပါလိဂ်ကလပ် ဘယ်အသင်းက ခေါ်မယ်ဆိုတာ အတိအကျ မသိရသေးပေမဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ စူပါလိဂ် အသင်းတွေ အများအပြား ရှိတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြပါတယ်။ ချယ်လ်ဆီး ကစားသမားဟောင်းတွေဖြစ်တဲ့ ဒရော့ဘာနဲ့ ဒမ်ဘာဘာတို့လည်း စူပါလိဂ်ကို သွားရောက်ကစားခဲ့ကြပြီး ဒမ်ဘာဘာကတော့ ယခုထက်တိုင် ရှမ်ဟိုင်းရှမ်ဟွာ အသင်းမှာ ရှိနေဆဲပါ။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ