EPL: ဒီဂီယာ ရေဘူးနှင့်အပေါက်ခံရသည့် ဖြစ်ရပ်ကို စုံစမ်းမည်

မာရှယ်ဂိုးသွင်းလိုက်တဲ့အတွက် ပရိသတ်တွေဘက် လှည့်ပြီးအောင်ပွဲခံခဲ့တဲ့ ဒီဂီယာဟာ ရေဘူးနဲ့ အပေါက်ခံလိုက်ရပါတယ်။

play

 

ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ မန်ယူအသင်း ဂိုးသမား ဒီဂီယာ ရေဘူးနဲ့ အပေါက်ခံရတဲ့ ဖြစ်ရပ်အပါအဝင် အခြားသော အကျည်းတန်းဖြစ်ရပ်တွေအတွက် အက်ဖ်အေက စုံစမ်းစစ်ဆေးတော့မှာ ဖြစ်ပါတယ်။

ပွဲမတိုင်ခင်မှာ အက်တန်ပါ့ခ်ကွင်းကို ရောက်လာတဲ့မန်ယူအသင်း ဘတ်စ်ကား တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်အတွက်လည်း အပြစ်ရှိသူတွေကို စုံစမ်းဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအတွက် အိမ်ကွင်းနောက်ဆုံးပွဲစဉ် ဖြစ်ခဲ့တဲ့အတွက် ပရိသတ်တွေက အားပေးမှု လွန်ကဲခဲ့တာပါ။ ပွဲချိန်အတွင်း ဒုတိယပိုင်းအရောက် တိုက်စစ်မှူး မာရှယ်ရဲ့ဂိုးနဲ့ မန်ယူက ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

play

 

ဦးဆောင်ဂိုး သွင်းလိုက်တဲ့အချိန်မှာ ပရိသတ်တွေဘက်လှည့်ပြီး အောင်ပွဲခံခဲ့တဲ့ ဂိုးသမား ဒီဂီယာကို ပရိသတ်တစ်ဦးက ရေဘူးနဲ့ ပေါက်လိုက်တာဖြစ်ပါတယ်။ မန်ယူအသင်းနည်းပြအဖွဲ့ဝင်တွေလည်း ရေဘူးနဲ့ အပေါက်ခံခဲ့ရပါသေးတယ်။

play

 

ဝက်စ်ဟမ်းအသင်းအတွက် အက်တန်ပါ့ခ်ကွင်းမှာ ကစားရပေမဲ့ နောက်ရာသီရောက်တဲ့အခါ ကွင်းသစ်အိုလံပစ်ကွင်းမှာ ကစားရတော့မှာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ