EPL: ချန်ပီယံ လက်စတာအသင်း ရွှေတိဂုံဘုရား လာဖူးမည်

လက်စတာ ကစားသမားတွေ ရွှေတိဂုံဘုရား လာဖူးကြမယ်လို့ ဆိုပါတယ်။

play

 

ပရီးမီးယားလိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ လက်စတာအသင်းဟာ မြန်မာနိုင်ငံကိုလည်း လာရောက်ဦးမယ်လို့ သိရပါတယ်။ လက်စတာ ပရီးမီးယးလိဂ် နောက်ဆုံးပွဲစဉ်ကို မေလ ၁၅ ရက်နေ့ တနင်္ဂနွေနေ့မှာ ကစားရမှာပါ။

play

 

ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြီးဆုံးသွားတဲ့အခါ လက်စတာအသင်းက ထိုင်းနိုင်ငံကို လာရောက်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နှစ်ပတ်လုံး အသင်းကို ဆုတောင်းပေးကာ၊ ယတြာအချို့ ပြုလုပ်ပေးခဲ့တဲ့ ဘုန်းကြီးတွေ သတင်းသုံးရာဘုန်းကြီးကျောင်းကိုလည်း လာရောက်ဖူးမြော်မယ်လို့ ခန့်မှန်းရပါတယ်။ ထိုင်းနိုင်ငံမှာ ဘာခြေစမ်းပွဲမှ ကစားဖို့ မရှိပဲ အထင်ကရ နေရာတွေကို ကစားသမားတွေ လည်ပတ်ကြမှာ ဖြစ်ပါတယ်။

play

 

မေလ ၁၈ ရက်နေ့ ၁၉ ရက်တွေအတွင်း ထိုင်းနိုင်ငံကို ရောက်လာမယ့် လက်စတာအသင်းက ရန်ကုန်မြို့ကို လာရောက်ပြီး ရွှေတိဂုံ ဘုရားကိုလည်း ဖူးမျှော်ဦးမှာ ဖြစ်တယ်လို့ မဇ္ဈိမ သတင်းစာက ဖော်ပြထားပါတယ်။ လက်စတာ မေလ ၂၂ ရက်နေ့မှာ ထိုင်းနိုင်ငံကတဆင့် ရန်ကုန်မြို့ကို လာရောက်မှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ ပါကစ် ကြော်ငြာကုမ္ပဏီက မန်နေဂျာဦးချမ်းမြေ့ကိုကိုလွင်ရဲက ပြောကြားချက်ကို ကိုးကားပြီး မဇ္ဈိမ သတင်းစာက ဖော်ပြပါတယ်။

play

 

လက်စတာအသင်းပိုင်ရှင် ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေက ရွှေတိဂုံဘုရားလာရောက်ပြီး အသင်းအတွက် ဆုတောင်းပေးကာ ယတြာအစီအရင်တွေ ပြုလုပ်ပေးခဲ့ဖူးပါတယ်။

Source : http://mizzimaburmese.com/ ESPN

Photos : tour-asia.net/ Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ