EPL: ဂျွန်တယ်ရီကို ချယ်လ်ဆီး ၁၀ နှစ်လောက် ဆက်ခေါ်ထားသင့်ဟု ဆို

ဂျွန်တယ်ရီကို ချယ်လ်ဆီးဘက် တစ်နှစ်စာချုပ်နဲ့ ထပ်မံ ကမ်းလှမ်းထားပါတယ်။

play

 

ချယ်လ်ဆီးအသင်း ခေါင်းဆောင်ဖြစ်တဲ့ ဂျွန်တယ်ရီကို နောက်ထပ် ဆယ်နှစ်လောက် ဆက်ခေါ်ထားသင့်တယ်လို့ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူဖြစ်တဲ့ လီဗာပူး

ကစားသမားဟောင်း ဂျင်မီကာရေဂါက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ချယ်လ်ဆီးနဲ့ ဂျွန်တယ်ရီက ဒီရာသီကုန်မှာ စာချုပ်သက်တမ်းပြည့်မှာ ဖြစ်ပါတယ်။ဒါပေမယ့် ပြီးခဲ့တဲ့ သောကြောနေ့ကပဲ အသင်းဘက်က ဂျွန်တယ်ရီကို တစ်နှစ်စာချုပ်ထပ်မံ ချုပ်ဆိုဖို့ ကမ်းလှမ်းလိုက်တယ်လို့ ဂျွန်တယ်ရီက အင်စတာဂရမ်မှာ ကြေငြာခဲ့ပါတယ်။ ချယ်လ်ဆီးဘက်က ဂျွန်တယ်ရီကို တစ်နှစ်စာချုပ်နဲ့ ကမ်းလှမ်းရာမှာ အရင်လို သာမန်စာချုပ်မျိုးမဟုတ်ပဲ မတူညီတဲ့ပုံစံနဲ့ ကမ်းလှမ်းထားတယ်လို့ ကာယကံရှင်က မတင်မကျ ပြောထားပါတယ်။

play

 

တယ်ရီဘက်ကတော့ အေးဂျင့်ဖြစ်သူနဲ့ တိုင်ပင်ပြီး အသင်းရဲ့ စာချုပ်တိုးမှုကို လက်ခံဖို့ စဉ်းစားနေဆဲ ဖြစ်ပါတယ်။ ဂျွန်တယ်ရီကို အမေရိကန်မေဂျာလိဂ် ဘောလုံးအသင်းတွေနဲ့ တရုတ်စူပါလိဂ် အသင်းတွေကလည်း ခေါ်ယူချင်နေပါတယ်။ တယ်ရီဟာ ချယ်လ်ဆီးကို ၁၄ နှစ်သားအရွယ်ကတည်းက ရောက်လာခဲ့တာပါ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ