EPL: ဗာဒီလိုပဲ ဂိုးသွင်းကောင်းတဲ့ ချစ်သူ ဘက်ကီ

ဒေါက်ဖိနပ်စီးပြီး ပင်နယ်တီဝင်အောင် ကန်သွင်းနိုင်ပါတယ်။

play

 

လက်စတာအသင်းအတွက် ထိပ်သီးဂိုးသွင်းရှင် ဖြစ်ခဲ့တဲ့ တိုက်စစ်မှူး ဗာဒီလိုပဲ သူ့ရဲ့ဇနီလောင်းဖြစ်သူကလည်း ဂိုးသွင်းကောင်းဖြစ်သူဖြစ်ပါတယ်။ အဲဗာတန်ကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဗာဒီက ပင်နယ်တီ လွဲခဲ့ပေမယ့် အခု သူ့ရဲ့ဇနီးကတော့ ပင်နယ်တီကို မလွဲအောင် ကန်နိုင်တာတွေ့ရပါတယ်။

play

 

လက်စတာအသင်းရဲ့ King Power ကွင်းကြီးထဲမှာ ကစားသမားတွေရဲ့ မိသားစုအချို့ စုပေါင်းရောက်နေကြချိန် ဗာဒီရဲ့ချစ်သူဖြစ်တဲ့ ဘက်ကီနီကိုးလ်ဆင်က ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။ လမ်းလျှောက်တဲ့နေရာမှာတောင် သတိထားပြီး လျှောက်ရတဲ့ ဒေါက်ဖိနပ်ကို ဝတ်ထားပေမယ့် ဘက်ကီက အပျော်တမ်းကန်တဲ့ ပင်နယ်တီကို ဝင်အောင်ကန်နိုင်ခဲ့ပါတယ်။ အဲဗာတန်နဲ့ပွဲမှာ ဗာဒီ ပင်နယ်တီလွဲသလို မလွဲခဲ့ပါဘူး။

play

 

ပရီးမီးယားလိဂ် ပူပူနွေးနွေး ချန်ပီယံဖြစ်ထားတဲ့ ဗာဒီကတော့ သူနဲ့စိတ်တူကိုယ်တူ ဖြစ်ရုံသာမက ခြေစွမ်းပါတူတဲ့ ချစ်သူကို ရထားပုံပါပဲ။ အဲဗာတန်နဲ့ပွဲမှာ ပင်နယ်တီမဝင်ခဲ့ပေမယ့် ဗာဒီက နှစ်ဂိုးတော့ သွင်းနိုင်ခဲ့ပါသေးတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ