EPL: ဗုံးအန္တရာယ်ကြောင့် မန်ယူ - ဘုန်းမောက်ပွဲစဉ်ကို ဖျက်သိမ်း

ပွဲကို ဒီနေ့ မကစားဖြစ်တော့ဘူးလို့ ကြေငြာလိုက်ပါပြီ။

play

 

မန်ယူနဲ့ ဘုန်းမောက်အသင်း ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်မတိုင်မီ ဗုံးလို့ ယူဆရတဲ့ အထုတ်တစ်ထုတ်တွေ့တဲ့အတွက် ပွဲကို ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ်ရာသီ နောက်ဆုံပွဲစဉ်တွေဖြစ်လို့ အသင်းအားလုံး တစ်ချိန်တည်း ကစားနေကြပေမယ့် မန်ယူနဲ့ ဘုန်းမောက်တို့ အိုးထရက်ဖို့ဒ်မှာ ကစားမယ့်ပွဲစဉ်ကိုတော့ ဖျက်သိမ်းလိုက်တာပါ။ ကွင်းအတွင်းက ပရိသတ်တွေလည်း ကွင်းအပြင်ကို ပြန်လည်ထွက်ခွာနေကြပြီဖြစ်ပါတယ်။

လုံခြုံရေး စိတ်မချရတဲ့အတွက်ပွဲကို ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ ဘုန်းမောက်အသင်းဘက်က တွစ်တာပေါ်မှာ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ အစပိုင်းမှာ ပွဲကို ၄၅ မိနစ်သာ နောက်ဆုတ်ကြောင်း ကြေငြာခဲ့ပေမယ့် အခုတော ပွဲပြန်စဖို့ ကြာမြင့်မှာဖြစ်လို့ လုံးဝ ဖျက်သိမ်းလိုက်တာပါ။

play

 

မန်ယူက ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက် ဒီပွဲကို အနိုင်ကစားရဦးမှာဖြစ်ပေမယ့် တစ်ချိန်တည်းမှာ ကစားတဲ့ မန်စီးတီးက အနိုင်ရနေလို့ မျှော်လင့်ချက်နည်းနေပြီ ဖြစ်ပါတယ်။

Source : Express

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ