EPL: ချန်ပီယံ လက်စတာထက် အာဆင်နယ်က ဆုကြေးနှင့်ရုပ်သံကြေး ပိုရရှိ

အာဆင်နယ်က ရုပ်သံဝင်ငွေ ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ်မှာ အဆင့်-၂ နဲ့ ရာသီသိမ်းခဲ့တဲ အာဆင်နယ်အသင်း ရရှိတဲ့ ဆုကြေးပမာဏက ချန်ပီယံဖြစ်ခဲ့တဲ့ လက်စတာအသင်းရရှိတဲ့ ဆုကြေးပမာဏထက် ပိုပြီးများပြားနေပါတယ်။ အာဆင်နယ်လိုပဲ မန်ယူ၊ မန်စီးတီး၊ စပါးအသင်းတို့လည်း ချန်ပီယံ လက်စတာထက် ဝင်ငွေ ပိုကောင်းမွန်ခဲ့ပါတယ်။

ရုပ်သံကြေးနဲ့ ပြိုင်ပွဲဆုကြေး နှစ်ရပ်ပေါင်း ဝင်ငွေက အာဆင်နယ်အတွက် ပေါင် ၁၀၁ သန်းရခဲ့ပြီး လက်စတာအသင်းကတော့ ၉၃.၇ သန်းဝင်ငွေ ရရှိခဲ့ပါတယ်။ ချန်ပီယံဖြစ်ခဲ့တဲ့ လက်စတာက ပြိုင်ပွဲဆုကြေးငွေ ပေါင် ၂၅ သန်းရပြီး အာဆင်နယ်အသင်း က၂၃.၇ သန်းရပါတယ်။ အဆင့်-၃ ဖြစ်ခဲ့တဲ့ စပါးအသင်းက ၂၂.၅ သန်းရရှိခဲ့ပါတယ်။

play

 

ဒါပေမယ့် ရုပ်သံဝင်ငွေမှာတော့ အာဆင်နယ်က လက်စတာအသင်းထက် ပိုမိုများပြားခဲ့တာဖြစ်ပါတယ်။ လက်စတာ၊ မန်စီးတီး၊ စပါးအသင်းအားလုံး ပေါင်သန်း ၁၀၀ အောက်သာ ရခဲ့ပေမယ့် အာဆင်နယ်ကတော့ ပေါင်သန်း ၁၀၀ ကျော်ရခဲ့တာဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ