AD
AD
AD
play

 

မန်ယူအသင်းက လာမယ့်ရာသီသစ်အတွက် ပီအက်စ်ဂျီတိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျကို တစ်နှစ်စာချုပ်နဲ့ ကမ်းလှမ်းလိုက်ပြီလို့ ပြင်သစ်သတင်းစာ တစ်စောင်က ဖော်ပြထားပါတယ်။ မန်ယူအသင်းတိုက်စစ်မှူး မာရှယ်ကိုခေါ်ဖို့ ကြိုးစားခဲ့တုန်းကလည်း အဆိုပါသတင်းစာက အရင်ဦးဆုံး ဖော်ပြခဲ့တာဖြစ်ပါတယ်။

play

 

ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်ပြည့်ခဲ့ပြီဖြစ်တဲ့အတွက် အသင်းကထွက်ခွာတော့မှာပါ။ ကစားသမားကိုယ်တိုင်ကလည်း အသင်းကြီးတစ်သင်းကို ပြောင်းမှာ ဖြစ်တယ်လို့ ပြောကြားထားသူ ဖြစ်ပါတယ်။ အီဗရာဟီမိုဗစ်ခ်ျကို ချယ်လ်ဆီ၊ ဝက်စ်ဟမ်း စတဲ့အသင်းတွေကလည်း ခေါ်ယူချင်နေပေမယ့် မန်ယူက ရေပန်းအစားဆုံး အသင်းဖြစ်ပါတယ်။

play

 

ဒါပေမယ့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျဘက်ကတော့ လက်ရှိနည်းပြဗန်ဟားလ် အသင်းကိုဆက်လက်ကိုင်မယ်ဆိုရင် ပြောင်းရွှေ့ဖွယ်မရှိဘူးလို့ မီဒီယာတွေက ခန့်မှန်းရေးသားကြပါတယ်။ မန်ယူနည်းပြဖြစ်လာဖို့ ရေပန်းစားနေတဲ့ မော်ရင်ဟို ရောက်လာမှသာ အီဗရာဟီမိုဗစ်ခ်ျက ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိတယ်လို့ ဆိုပါတယ်။

play

 

အီဗရာဟီမိုဗစ်ခ်ျရဲ့ လုပ်ခလစာက တစ်ပတ်ကို ပေါင် နှစ်သိန်းကျော်လောက် ပေးချေရဖွယ်ရှိတာကြောင့် ခေါ်ယူချင်တဲ့ အသင်းတွေ အခက်တွေ့နေတာ ဖြစ်ပါတယ်။

Source : The Sunx`

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD