EPL: ယနေ့ပွဲတွင် ဘုန်းမောက်ကို မန်ယူ ၁၉ ဂိုးသွင်းနိုင်လျှင် ချန်ပီယံလိဂ် ဝင်ခွင့်ရမည်

မန်ယူနဲ့ ဘုန်းမောက်ပွဲကို မေလ ၁၈ ရက်နေ့မနက်ပိုင်း ၁း၁၅ နာရီမှာ ကစားမှာပါ။

play

 

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့တဲ့ မန်ယူအသင်းနဲ့ ဘုန်းမောက်တို့ရဲ့ ပွဲစဉ်မှာ လုံခြုံရေးအန္တရာယ်ရှိတယ်လို့ မှားယွင်းသတ်မှတ်ခဲ့တဲ့အတွက် ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ပြီးနောက် မေလ ၁၇ ရက်နေ့(ယနေ့ည) မှာ ပြန်လည်ကစားတော့မှာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မဖြစ်နိုင်တော့ဘူးလို့ သတ်မှတ်နိုင်ပေမယ့် အခွင့်အရေး တစ်ခုရှိနေပါသေးတယ်။ ဒါပေမယ့် ဘောလုံးလောကမှာ ရှားရှားပါးပါး ဖြစ်ရပ်ဖြစ်နေတာကြောင့် ဒီလိုဖြစ်လာဖို့တော့ လုံးဝမလွယ်ကူပါဘူး။

play

 

မန်ယူက ဘုန်းမောက်နဲ့ပွဲ ကစားခင်မှာ မန်စီးတီးနဲ့ သုံးမှတ်ကွာနေပါသေးတယ်။ ဒါကြောင့် ဘုန်းမောက်ကိုနိုင်ခဲ့ရင်တောင် မန်စီးတီးနဲ့ ရမှတ်အတူတူပဲ ဖြစ်နေဦးမှာပါ။ ဒီနေရာမှာ မန်စီးတီးက မန်ယူအသင်းထက် ဂိုးကွာခြားချက် များစွာ သာလွန်နေပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ စည်းမျဉ်းအရ ရမှတ်တူနေရင် အရင်ဆုံး ဂိုးကွာခြားချက်ကို ကြည့်ပြီးဆုံးဖြတ်တာ ဖြစ်တာကြောင့် ပေးဂိုးနည်းပြီး သွင်းဂိုးများဖို့လိုပါတယ်။ ဂိုးကွာခြားချက်နဲ့ ချန်ပီယံဖြစ်ခဲ့တာတောင် ရှိခဲ့ဖူးပါတယ်။

play

 

လက်ရှိအချိန်မှာ မန်စီးတီးအသင်း ဂိုးကွာခြားချက်က +၃၀ ဖြစ်နေပြီး မန်ယူဂိုးကွာခြားချက်က +၁၂ ဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ဟာ ဘုန်းမောက်ကို အနိုင်ကန်ရုံသာမက ပေးဂိုးမရှိပဲ အနည်းဆုံး ၁၉ ဂိုးသွင်းရမှာ ဖြစ်ပါတယ်။ ဒါမှသာ မန်စီးတီးနဲ့ အမှတ်တူတဲ့အပြင် ဂိုးကွာခြားချက်သာလွန်ပြီး မန်ယူက အဆင့်-၄ နေရာရနိုင်မှာပါ။

ဘောလုံးလောကမှာတော့ တရားဝင်ပြိုင်ပွဲတွေမှာ ဂိုးအများကြီးသွင်းယူပြီး အနိုင်ရတဲ့ မှတ်မှတ်ရရ ပွဲ သုံးပွဲ ရှိခဲ့ဖူးပါတယ်။

၁။ ဗန်နူအာတူ က မိုက်ခရိုနီးရှားကို ၄၆-၀ ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲစဉ်ပါ။ ၂၀၁၅ ခုနှစ်မှာ ကစားခဲ့တာဖြစ်ပြီး ပစိဖိတ်ပြိုင်ပွဲမှာ ဖြစ်ပွားခဲ့တာပါ။

၂။ ၂၀၀၂ ခုနှစ်တုန်းက မာဒါဂါစကာ လိဂ်ပြိုင်ပွဲမှာ အဒီမာအသင်းက အယ်လ်အမ်ရန်းအသင်းကို ၁၄၉ ဂိုး နဲ့ နိုင်ခဲ့ဖူးပါတယ်။

play

 

၃။ သြစတြေးလျ လက်ရွေးစင် အသင်းက အမေရိကန်ဆာမာအို အသင်းကို ၃၁-၀ ဂိုးနဲ့ နိုင်ဖူးပါတယ်။  အဲဒါက ၂၀၀၁ ခုနှစ်တုန်းကပါ။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ