EPL: ဘုန်းမောက်နဲ့ ပွဲအပြီးမှာ ပရိသတ်များ ဒေါသထွက်စရာ စကားကို နည်းပြဗန်ဟားလ် မှတ်ချက်ပေး

ပရိသတ်တွေကလည်း နည်းပြဗန်ဟားလ်ကို ပွဲအပြီးမှာ လှောင်ခဲ့ကြပါတယ်။

play

 

မန်ယူအသင်းရဲ့ လက်ကျန်နောက်ဆုံးပွဲစဉ်မှာ ဘုန်းမောက်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးတဲ့နောက် ပရိသတ်တွေကို ရာသီအပိတ်နုတ်ဆက်စကား ပြောတဲ့အချိန်မှာ အလှောင်ခံရတဲ့ နည်းပြဗန်ဟားလ်က နောက်ပိုင်းမှာ ပရိသတ်တွေကို ပြန်လည် တုန့်ပြန်လိုက်ပါတယ်။

play

 

ပွဲအပြီးမှာ ရာသီအပိတ်အနေနဲ့ နည်းပြဗန်ဟားလ်က ပရိသတ်တွေကို ကွင်းထဲကနေ စကားပြောနေတဲ့ အချိန်မှာ ပွဲကြည့်စင်မှာရှိတဲ့ ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘုန်းမောက်ကို အနိုင်ရပြီးနောက် ရာသီအကုန်မှာ အဆင့်-၅ နေရာသာ ရပ်တည်နိုင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့အတွက် ပရိသတ်အချို့ မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။

play

 

ဗန်ဟားလ်ကကွင်းထဲက စကားပြောနေချိန်မှာ ပရိသတ်အချို့က အဆက်မပြတ်လှောင်ခဲ့ကြသလို၊ အချို့ကလည်း "နောက်ထပ်တစ်ခါ အသင်းမှာ မတွေ့ရဖို့ မျှော်လင့်တယ်" ဆိုတဲ့စာတန်းပါ ဆိုင်းဘုတ်ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပါတယ်။ ဒီလို အလှောင်ခံရတဲ့အတွက် မီဒီယာတွေနဲ့ အင်တာဗျူးမှာ နည်းပြဗန်ဟားလ်က ပရိသတ်တွေကို ပြန်လည်တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။ အသင်းအပေါ်မှာ ပရိသတ်တွေ ထားရှိတဲ့ မျှော်လင့်ချက်က အရမ်းကို ကြီးမားတဲ့အတွက်သူ့ကို လှောင်ခဲ့ကြတာဖြစ်မယ်လို့ နည်းပြဗန်ဟားလ်က ဆိုပါတယ်။

play

 

အသင်းရဲ့ အပြောင်းအလဲ ကာလမှာ ပရိသတ်တွေက အသင်းအပေါ် အရမ်းကိုမျှော်လင့်လွန်းအားကြီးနေတာဖြစ်တယ်လို့ ဗန်ဟားလ်က ဝေဖန်ပါတယ်။ ဒါ့အပြင်မိမိအနေနဲ့ ဖြစ်နိုင်ချေကို အရင်ကတည်း ရှင်းရှင်းလင်းလင်း ပြောခဲ့သင့်ကြောင်း ဗန်ဟားလ်က ဆက်ပြောပါတယ်။

Source : Daily Mail/ Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ