EPL: ယနေ့ည ကစားမည့် လီဗာပူး - ဆီဗီးလ် ယူရိုပါလိဂ် ဗိုလ်လုပွဲ မကြည့်ခင် သိထားသင့်တဲ့ အချက် (၅) ချက်

ဆီဗီးလ်အသင်းက လွန်ခဲ့တဲ့ ၂ နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ထားတဲ့ အသင်းဖြစ်ပါတယ်။

play

 

လီဗာပူးနဲ့ ဆီဗီးလ်အသင်းတို့ ယှဉ်ပြိုင်ကြမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲကို ယနေ့ည ဆွစ်ဇာလန်နိုင်ငံ၊ ဘေဆယ်မြို့မှာ ကစားကြမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ဆက်တိုက် ယူရိုပါလိဂ်မှာ စပိန်ကလပ် ဆီဗီလ်းအသင်းက ဗိုလ်စွဲထားပါတယ်။

ဒီတော့ ဆီဗီးလ်အသင်း သုံးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ဖို့ အခွင့်အရေးရှိတဲ့နှစ်မှာ လီဗာပူးနဲ့ လာရောက်တွေ့ဆုံနေတာပါ။ ဒီပွဲမတိုင်ခင် သိထားသင့်တဲ့ အချက် (၅)

ချက်ရှိပါတယ်။

၁။ ဒဏ်ရာရပွဲပယ်

play

 

လီဗာပူးအသင်းဘက်မှာ အိုရီဂီနဲ့ ဂိုမက်ဇ်တို့ ပါနိုင်ဖွယ်မရှိပါဘူး။ ဆာခိုက ပွဲပယ်ခံထားရပါတယ်။ ဒါလွဲရင်တော့ ကျန်ကစားသမားတွေအားလုံး ကြံ့ခိုင်မှု ပြည့်ဝနေမှာပါ။ ဆီဗီးလ်အသင်းဘက်မှာတော့ ရေးယက်စ်နဲ့ ခရွန်ဒယ်လီတို့ ပါနိုင်ကြမှာ မဟုတ်ပါဘူး။

၂။ လီဗာပူးအတွက် အားသာချက်

play

 

ဆီးဗီးလ်အသင်းဟာ ဗိုလ်လုပွဲအထိ ရောက်လာပေမယ့် အဝေးကွင်း ရလဒ်မကောင်းတတ်ပါဘူး။ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ဆီဗီးလ်အသင်းက အဝေးကွင်းပွဲစဉ် လေးပွဲသာ နိုင်ထားတာပါ။ လီဗာပူးကတော့ အဝေးကွင်းမှာ ၁၁ ပွဲတောင် နိုင်ပွဲယူထားတဲ့ အသင်းဖြစ်ပါတယ်။ 

၃။ ဆီဗီးလ်အသင်းအတွက် အားသာချက်

play

 

ဆီဗီးလ်အသင်းက လွန်ခဲ့တဲ့ နှစ်ရာသီဆက်တိုက် ယူရိုပါလိဂ်မှာ ဖလားရခဲ့တဲ့ အသင်းဖြစ်ပါတယ်။ လီဗာပူးက နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာ ၂ ပွဲပဲ နိုင်ထားလို့ ရလဒ်တွေ ဆိုးနေပါတယ်။

၎။ နောက်ဆုံး တွေ့ဆုံမှု

play

 

ဒီနှစ်သင်းဟာ ဥရောပအဆင့်မှာ တွေ့ဆုံခဲ့ဖူးခြင်း မရှိပါဘူး။

၅။ အဓိက ကစားသမားများ

play

 

လီဗာပူးဘက်က အဓိက ကစားသမားဟာ တိုက်စစ်ကစားသမား ဖာမီနိုဖြစ်ပါတယ်။ စတာရစ်ခ်ျနဲ့ ကော်တင်ဟိုတို့အတွက် ပြိုင်ဘက်တွေ အလုပ်ရှုပ်နေချိန်မှာ ဖာမီနိုက သတိထားရမယ့် ကစားသမားပါ။ ဆီဗီးလ်အသင်းဘက်မှာတော့ ဂါမီရိုက ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမား ဖြစ်လာနိုင်ပါတယ်။ အသင်းအတွက် ပွဲပေါင်း ၅၀ မှာ ၂၈ ဂိုးသွင်းထားပြီး နောက်ဆုံး ငါးပွဲမှာ ခြောက်ဂိုးသွင်းထားပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ