EPL: ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးနဲ့ ဆီဗီးလ်ပရိသတ်တွေ ရန်ဖြစ်

ပရိသတ် ၃၀ ခန့်ပါတဲ့အဖွဲ့ဟာ အပြန်အလှန်ပဲ ကွင်းအတွင်းမှာ ထိုးကြိတ်ခဲ့ကြတာပါ။

play

 

လီဗာပူးအသင်းနဲ့ ဆီဗီလ်းအသင်းတို့ ကစားခဲ့ကြတဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်မှာ နှစ်ဖက်ပရိသတ်အချို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ နှစ်ဖက်ပရိသတ် ၃၀ ဦးခန့် ပါဝင်တဲ့ အဖွဲ့ဟာ ပွဲကြည့်စင် အောက်ဘက်မှာ အပြန်အလှန်ထိုးကြိတ်ပြီး ခိုက်ရန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

play

 

နှစ်ဖက်အသင်း ပရိသတ်တွေကို အဲဒီပွဲကြည့်စင်ဘက်မှာ သီးခြားစီခွဲမထားပဲ ပေါင်းစည်းကြည့်ရှုခိုင်းခဲ့တာကြောင့် ဒီလိုပြဿနာဖြစ်ပွားရတလို့ မီဒီယာတွေက ဝေဖန်ကြပါတယ်။ ဘေဆယ်မြို့မှာ ကစားခဲ့တဲ့ ဒီဗိုလ်လုပွဲစဉ်အတွက် ဆီဗီးလ်အသင်းက ပရိသတ်တွေကို လက်မှတ် ၇၀၀၀ ထောင်သာ ရောင်းချခဲ့တယ်လို့ သိရပါတယ်။ လီဗာပူးဘက်ကတော့ ရရှိတဲ့ လက်မှတ်ခွဲတမ်း သုံးသောင်းခွဲလုံး ရောင်းချခဲ့တယ်လို့ သိရပါတယ်။

play

 

ကွင်းအတွင်း တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အားအားသုံးပြီး ရန်ဖြစ်သူတွေက ဖြိုခွင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ပွဲစဉ်အတွင်းမှာ လီဗာပူး အသင်းဘက်က စတာရစ်ခ်ျရဲ့ ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ သုံးဂိုးပြန်သွင်းခံရပြီး ရှုံးနိမ့်ခဲ့ရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ