EPL: အက်စတွန်ဗီလာအသင်းကို တရုတ်လုပ်ငန်းရှင်တစ်ဦး ဝယ်ယူ

အက်စတွန်ဗီလာအသင်းကို တရုတ်စီးပွားရေး လုပ်ငန်းရှင်က ရာနှုန်းပြည့်ပိုင်ဆိုင်သွားပြီ ဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ကို တန်းဆင်းသွားရပြီဖြစ်တဲ့ အက်စတွန်ဗီလာအသင်းကို တရုတ်စီးပွားရေး လုပ်ငန်းရှင် တိုနီရှားက ဝယ်ယူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

play

 

အက်စတွန်ဗီလာအသင်းကို အမေရိကန်စီးပွားရေး လုပ်ငန်းရှင် ရန်ဒီလာနာက ဆယ်စုနှစ်တစ်ခုကြာ ပိုင်ဆိုင်ခဲ့ပြီးတဲ့နောက်မှာ အခု တရုတ်သူဌေးထံ လွှဲပြောင်းရောင်းချခဲ့တာဖြစ်ပါတယ်။ အသင်းကို ဘယ်လောက်တန်ကြေးနဲ့ ရောင်းချခဲ့တယ်ဆိုတာ မဖော်ပြထားပေမယ့် အခုချိန်မှာ အက်စတွန်ဗီလာအသင်းဟာ တရုတ်စီးပွားရေးလုပ်ငန်းရှင် တိုနီရှားရဲ့ အပြည့်အဝ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

play

 

အသင်းကို ပေါင်သန်း ၆၀ လောက်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဗြိတိန်သတင်းဌာနတွေရဲ့  ဖော်ပြချက်အရ ပိုင်ရှင်သစ်ဖြစ်လာတဲ့ တိုနီရှားဟာ အသင်းကို ပြုပြင်ပြောင်းလဲမှု ကြီးကြီးမားမား ပြုလုပ်ဖို့အတွက် ငွေကြေးအလုံးအရင်းနဲ့ ရင်းနှီမြုပ်နှံသွားမယ်လို့သိရပါတယ်။ ကလပ်အသင်းရဲ့ ဥက္ကဌသစ်ဟာ တရုတ်လုပ်ငန်းရှင် တိုနီရှားဖြစ်လာပြီး အသင်းရဲ့ မန်နေဂျာသစ်ကို မကြာခင်ကြေငြာသွားမယ်လို့ ဆိုပါတယ်။

Source : ESPN / Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ