EPL: မန်ယူကို မော်ရင်ဟိုနှင့် ဗန်ဟားလ် ပူးပေါင်း ကိုင်တွယ်ဖွယ်ရှိ

မန်ယူမှာ လက်ရှိနည်းပြဗန်ဟားလ်နဲ့ မော်ရင်ဟို နှစ်ယောက်တွဲ မြင်တွေ့ရဖို့ ရှိပါတယ်။

play

 

မန်အသင်းနည်းပြဖြစ်လာဖို့ စောင့်စားနေတဲ့ မော်ရင်ဟိုကို လက်ရှိမန်ယူအသင်းနည်းပြဗန်ဟားလ်ကိုယ်တိုင် လိုလိုလားလားနဲ့ လက်ခံပြီး အတူအလုပ်တွဲလုပ်ဖို့ ကမ်းလှမ်းလိုက်ကြောင်း သိရပါတယ်။

play

 

မန်ယူအသင်းဘက်က မော်ရင်ဟိုကို ခန့်အပ်ဖို့ အစီအစဉ်ရှိခဲ့ပေမယ့် အခု နည်းပြဗန်ဟားလ်ကို စာချုပ်သက်တမ်း နောက်ဆုံးတစ်နှစ်ကုန်တဲ့အထိ အသင်းမှာ နောက်တစ်ရာသီ ဆက်ထားဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်  အသင်းနည်းပြဗန်ဟားလ်ကိုယ်တိုင်က သူနဲ့အတူ အလုပ်တွဲလုပ်ဖို့အတွက် မန်ယူကို လာဖို့ မော်ရင်ဟိုကို ကမ်းလှမ်းလိုက်ကြောင်းသိရပါတယ်။

play

 

ဗန်ဟားလ်ရှိနေတဲ့အတွက် မော်ရင်ဟိုက မန်ယူအသင်းမန်နေဂျာ ဖြစ်လာမှာ မဟုတ်ပေမယ့် အသင်းရဲ့အားကစားဒါရိုက်တာရာထူးပေးပြီး ဗန်ဟားလ်နဲ့ပူးပေါင်းကာ အသင်းကိုကိုင်တွယ်စေဖို့ ကမ်းလှမ်းထားတာဖြစ်ပါတယ်။ မော်ရင်ဟိုဘက်ကလည်း အသင်းပေါင်းများစွာရဲ့ ကမ်းလှမ်းချက်ကို ပယ်ချပြီး မန်ယူအသင်းနည်းပြ ဖြစ်လာဖို့အတွက်စောင့်ဆိုင်းနေတာဖြစ်တယ်လို့ သိရပါတယ်။

play

 

မော်ရင်ဟိုနဲ့ လူးဝစ္စဗန်ဟားလ်တို့နှစ်ဦးဟာ ဘာစီလိုနာအသင်းမှာ အလုပ်အတူတွဲလုပ်ဖူးခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ