EPL: မန်ယူမှားယွင်းခဲ့ကြောင်း သက်သေပြမည့် ခရစ္စတယ်ပဲလေ့စ် ကစားသမား ဇာဟာ

ဇာဟာက ဖာဂူဆန် နောက်ဆုံးဝယ်ယူခဲ့တဲ့ ကစားသမားဖြစ်ပေမယ့် အသင်းမှာ အခွင့်အရေးမရခဲ့ပါဘူး။

play

 

မန်ယူအသင်းရဲ့ ပစ်ပယ်ခြင်းကို ခံရပြီး ခရစ္စတယ်ပဲလေ့စ်အသင်းကို ရောင်းချခြင်းခံခဲ့ရတဲ့ တောင်ပံတိုက်စစ်ကစားသမား ဇာဟာက မေလ ၂၁ ရက်နေ့ညမှာ ကစားမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲမှာ မန်ယူကိုမှားယွင်းကြောင်း သက်သေပြဖို့ အစဉ်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

play

 

ဝဲလ်ဖရက်ဇာဟာက နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန် နောက်ဆုံးဝယ်ယူခဲ့တဲ့ကစားသမားဖြစ်ပေမယ့် ဖာဂူဆန် လက်အောက်မှာ ကစားခွင့်မရခဲ့ပါဘူး။ နည်းပြ ဒေးဗစ်မိုယက်စ်ရောက်လာတဲ့အချိန်မှာ ဇာဟာတစ်ယောက် ရုန်းကန်ခဲ့ရပြီး ခြေစွမ်းပြဖို့ ခက်ခဲခဲ့ရပါတယ်။ နည်းပြဗန်ဟားလ်ကလည်း ဇာဟာအတွက် ခြေစွမ်းပြဖို့ အခွင့်အရေး လုံးဝမရခဲ့ပါဘူး။ ၂၀၁၅ ခုနှစ်မှာဟာ ဇာဟာက ခရစ္စတယ်ပဲလေ့စ်အသင်းကို အပြီးအပိုင် ပြန်လည်ရောင်းချခြင်း ခံလိုက်ရပြီးနောက် အခု မန်ယူအသင်းနဲ့ ပြန်လည်ရင်ဆိုင်ရတော့မှာပါ။

play

 

"အသင်းက ထွက်ခဲ့ရတဲ့အတွက်တော့ နောင်တလုံးဝ မရပါဘူး။ ကျွန်တော့်အမေက ပြောဖူးတယ်။ ဘုရားသခင်ကအနည်းဆုံး တစ်ကြိမ်တော့ တံခါးလာခေါက်ပြီး မင်းဘယ်လောက်လုပ်ပြနိုင်တယ်ဆိုတာကို ပြဖို့ အခွင့်အရေးပေးလေ့ရှိတယ်တဲ့။ ကျွန်တော့်အတွက် အဲဒီ အတွေ့အကြုံတွေက စိတ်ဓာတ်ခွန်အားပိုပြီးတော့ သန်မာလာစေပါတယ်။ ပွဲပြီးတော့မှ ဘာဖြစ်မလဲ ဆက်ပြီးကြည့်ကြတာပေါ့" လို့ ဇာဟာက မန်ယူနဲ့ ဗိုလ်လုပွဲ မတိုင်ခင် ပြောပါတယ်။

play

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ