EPL: လာမယ့် သီတင်းပတ်မှာ မန်ယူကို မော်ရင်ဟို ရောက်မည်

ဗန်ဟားလ်ရဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးပေမဲ့ မန်ယူက မော်ရင်ဟိုကို မန်နေဂျာအဖြစ် အစားထိုးခန့်အပ်ရန် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

play


မန်ချက်စတာယူနိုက်တက်က ဂျို့စ်မော်ရင်ဟိုကို မန်နေဂျာအဖြစ် လာမယ့် သီတင်းပတ်အတွင်း ခန့်အပ်သွားတော့မယ်လို့ သိရပါတယ်။ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ယူပြီး ဆုဖလားဆွတ်ခူးခဲ့သည့်တိုင် လူးဝစ်ဗန်ဟားလ်နေရာကို မော်ရင်ဟိုဖြင့် အစားထိုးသွားမှာ ဖြစ်ပါတယ်။

play


မန်ယူနဲ့ မော်ရင်ဟိုတို့ကြား အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်မတိုင်မီ သဘောတူညီမှုရခဲ့ပြီလို့ ယုံကြည်ရကြောင်း ဘီဘီစီသတင်းက ပြောပါတယ်။ ဗန်ဟားလ်ရဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးပေမဲ့ မန်ယူက မော်ရင်ဟိုကို မန်နေဂျာအဖြစ် အစားထိုးခန့်အပ်ရန် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

play


မန်ယူအသင်းက မော်ရင်ဟိုကို မန်နေဂျာအဖြစ် ခန့်အပ်လိုက်ကြောင်း လာမယ့် သီတင်းပတ် အစောပိုင်းမှာ ထုတ်ပြန်ကြေညာရန် စီစဉ်ထားကြောင်း ဘီဘီစီက ဖော်ပြပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ချယ်လ်ဆီးအသင်းက ထုတ်ပယ်ခဲ့ပြီးနောက် မည်သည့် ကလပ်အသင်းကိုမျှ မန်နေဂျာအဖြစ် ကိုင်တွယ်ခဲ့ခြင်း မရှိသေးကြောင်း သိရပါတယ်။
Source & Photo: BBC, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ