EPL: မော်ရင်ဟိုကို မန်ယူနည်းပြအဖြစ် မခန့်သင့်တဲ့ အကြောင်းပြချက် (၆) ခု

မော်ရင်ဟိုမှာလည်း အားနည်းချက်တွေရှိပါတယ်။

play

 

မန်ယူအသင်းက နည်းပြဗန်ဟားလ်နဲ့ လမ်းခွဲလိုက်ပြီးနောက်မှာ ယခုတစ်ပတ်အတွင်းမှာ မော်ရင်ဟိုရဲ့ သတင်းကို အတည်ပြုကြေငြာပေးတော့မယ်လို့ မျှော်လင့်ရပါတယ်။ မော်ရင်ဟိုကို နည်းပြခန့်အပ်ဖို့ မန်ယူအသင်း ကြိုးစားခဲ့ရာမှာ မလွယ်ကူခဲ့တဲ့အပြင် အချိန်များစွာလည်း စောင့်ဆိုင်းခဲ့ရတာ ယခုအချိန်ထိ ဖြစ်ပါတယ်။

မန်ယူမှာ မော်ရင်ဟို အောင်မြင်မှု ရမလားဆိုတာကို အချိန်ကာလကသာ အဆုံးအဖြတ် ပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် မော်ရင်ဟိုက မန်ယူအသင်းနည်းပြအဖြစ် မခန့်အပ်သင့် ဘူးဆိုတဲ့ အကြောင်းပြချက် (၅) ခုရှိပါတယ်။

၁။ နည်းစနစ်

play

 

မော်ရင်ရဲ့ နည်းစနစ်ဟာ ဘောလုံးလောကရဲ့အဓိပ္ပါယ်နဲ့ ဆန့်ကျင်ဘက်လို့ ဆိုနိုင်ပါတယ်။ အကြောင်းကတော့ ခံစစ်ကို အဆမတန် အားပြုလွန်းတဲ့အတွက်ပါ။ ဒီအတွက် အသင်းဟာ အောင်မြင်မှု ရလေ့ရှိပေမယ့် အချို့ပရိသတ်တွေကတော့ ဘောလုံးရသမပေးနိုင်လို့ဆိုပြီး မကြိုက်ကြပါဘူး။

၂။ ငယ်မွေးခြံပေါက်များ နေရာမပေးခြင်း

play

 

မန်ယူအသင်းက အသင်းရဲ့လူငယ်ကစားသမားတွေကို နေရာပေးမွေးထုတ်တဲ့နေရာမှာ နာမည်ကြီးလှပါတယ်။ အခုဖာဂူဆန် ထွက်သွားပြီးနောက်ပိုင်းမှာလည်း ရက်ရှ်ဖို့ဒ်၊ လင်ဂတ်၊ ဘော့သ်ဝှစ်ဂျက်ဆင်၊ ဖူဆိုမန်ဆက်ခ်ျနဲ့ ယာနူဇက်တို့ကို အသင်းကြီးအတွက် လူငယ်အသင်းကနေ အားဖြည့်နိုင်ခဲ့တာပါ။ မော်ရင်ဟိုကတော့ ဒါမျိုး မဟုတ်ပါဘူး။ အခြားအသင်းမှာ ခြေစွမ်းပြတဲ့ ရွက်ပုန်းသီး ကစားသမားတွေနဲ့ နာမည်ကျော်တွေကို ရှာဖွေပြီး အားဖြည့်တတ်သူဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ အစဉ်အလာနဲ့ ဆန့်ကျင်နေပါတယ်။

၃။ ဆက်ဆံရေး မကောင်းခြင်း

play

 

မော်ရင်ဟိုရဲ့ ဆက်ဆံရေးက မကောင်းလှပါဘူး။ ပြိုင်ဘက်နည်းပြတွေနဲ့ အကြိမ်ကြိမ် ပြဿနာတတ်ဖူးတဲ့အပြင် ချယ်လ်ဆီးမှာတုန်းကလည်း အသင်းဆေးဘက်ဆိုင်ရာဝန်ထမ်း အီဗာကာနီရိုနဲ့ ပြဿနာတတ်ခဲ့မှုဟာ ယခုတိုင်တရားရုံးမှာ ဖြေရှင်းနေရဆဲပါ။ ဒါကြောင့်လည်း ဖာဂူဆန်က မော်ရင်ဟိုကို အကြိုက်မတွေ့ခဲ့တာလို့ ဘော်ဘီချာတန်က ပြောခဲ့ဖူးပါတယ်။

၎။ ရေရှည်စွဲမြဲစွာ အလုပ်မလုပ်ခြင်း

play

 

မော်ရင်ဟိုရဲ့ နည်းပြသက်တမ်းတစ်လျှောက် အသင်းတစ်သင်းမှာ ဘယ်တော့မှ အချိန်ကြာမြင့်စွာ မနေခဲ့ရပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲခဲ့ရတာသာ များပါတယ်။  မန်ယူအသင်း ပရိသတ်တွေကတော့ အရင် ဖာဂူဆန်ကခေတ်ကအတိုင်း သင့်တော်မယ့်နည်းပြတစ်ဦးကို အသင်းရဲ့ အထင်ကရပုဂ္ဂိုလ်အဖြစ် ရှိစေချင်ကြတာပါ။ မော်ရင်ဟိုကတော့ အသင်းတစ်သင်းမှာ ကြာကြာနေရလေ့မရှိပါဘူး။

၅။ ဘုတ်အဖွဲ့ အကွဲအပြဲ

play

 

မော်ရင်ဟိုကြောင့် မန်ယူအသင်း ဘုတ်အဖွဲ့ဟာ အကွဲအပြဲဖြစ်ခဲ့တယ်လို့ သတင်းတွေကဆိုပါတယ်။ ဒါကြောင့်လည်း မော်ရင်ဟိုကိစ္စကို မန်ယူအသင်းဘက်က အပြီးသတ် လုပ်ဆောင်ဖို့ ခက်ခဲနေခဲ့တာပါ။ ဘုတ်အဖွဲ့မှာ အရေးပါနေဆဲဖြစ်တဲ့ ဘောလ်ဘီချာတန်၊ ဖာဂူဆန်တို့လို အသင်းရဲ့ ဂန္တဝင်ပုဂ္ဂိုလ်တွေက မော်ရင်ဟိုကို မကြိုက်လှပါဘူး။ ဒါပေမယ့် ဒုဥက္ကဌဝုဒ်ဝက်အပါအဝင် အခြားသော စီးပွားရေးဆိုင်ရာကိစ္စရပ်တွေကို ကိုင်တွယ်ကြတဲ့ ဘုတ်အဖွဲ့ဝင်တွေက မော်ရင်ဟို ခန့်အပ်ချင်ကြတာဖြစ်ပါတယ်။ မော်ရင်ဟိုကြောင့် အသင်းဘုတ်အဖွဲ့ အကွဲအပြဲတွေ ဖြစ်နေဆဲပါ။

၆။ ဂွါဒီယိုလာကို မယှဉ်နိုင်ခြင်း

play

 

လာမယ့်ရာသီမှာ မော်ရင်ဟိုရဲ့ အဓိကပြိုင်ဘက်က မြို့ခံမန်စီးတီးအသင်းရဲ့နည်းပြ ဂွါဒီယိုလာ ဖြစ်လာမှာပါ။ ပြဿနာက မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်မှာ ရှိစဉ်ကတည်းက ဂွါဒီယိုလာနဲ့တွေ့ရင် ရလဒ်ကောင်းလေ့မရှိတာပါပဲ။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ