EPL: ပရိသတ်များသောင်းကျန်းမှုကြောင့် မန်ယူနဲ့လီဗာပူး ဒဏ်ရိုက်ခံရ

ယူရိုပါလိဂ် ၁၆ သင်းအဆင့်မှာ တွေ့ဆုံယှဉ်ပြိုင်ခဲ့တဲ့ မန်ယူနဲ့လီဗာပူး ပွဲစဉ်အတွင်း ပရိသတ်များကြား အချင်းများမှုတွေလည်း ဖြစ်ခဲ့ပါတယ်။

play


ယူရိုပါလိဂ် နောက်ဆုံး ၁၆ သင်းအဆင့် ပွဲစဉ်အတွင်း မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးအသင်း ပရိသတ်များ သောင်းကျန်းခဲ့မှုကြောင့် ယူအီးအက်ဖ်အေက ဒဏ်ငွေတပ်ခဲ့ကြောင်း သိရပါတယ်။ ပရိသတ်များက ပွဲစဉ်အတွင်း ဥပဒေမဲ့ သံပြိုင်ဟစ်အော်ခဲ့မှုကြောင့် တစ်သင်းလျှင် အမေရိကန်ဒေါ်လာ ၄၄,၆၀၀ စီ ဒဏ်တပ်ခဲ့ပါတယ်။

play


လီဗာပူးအသင်းမှာ ပရိသတ်များရဲ့ မီးရှူးမီးပန်းများ ပစ်ဖောက်မှုနဲ့ အရာဝထ္တုများဖြင့် ပစ်ပေါက်မှုတို့ကြောင့် နောက်ထပ် ဒေါ်လာ ၁၉,၀၀၀ နီးပါး ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပါတယ်။ မန်ယူအသင်းမှာလည်း ၎င်းရဲ့ပရိသတ်များက လမ်းပိတ်ဆို့မှု အပါအဝင် အုပ်စုလိုက် အနှောင့်အယှက် ဖြစ်စေခဲ့မှုကြောင့် နောက်ထပ် ဒေါ်လာ ၂၀,၀၀၀ ဒဏ်ငွေပေးဆောင်ရမယ်လို့ သိရပါတယ်။

play


ဒါ့ပြင် လီဗာပူးအသင်း အနေနဲ့ မန်ယူအသင်းကို ရက်ပေါင်း ၃၀ အတွင်း ဆက်သွယ်ပြီး အိုးထရက်ဖို့ဒ်ကွင်းမှာ လီဗာပူးပရိသတ်များကြောင့် ပျက်စီးမှုတွေအတွက် လျော်ကြေးပေးရန်လည်း ယူအီးအက်ဖ်အေက ညွန်ကြားလိုက်ပါတယ်။

play


မတ်လအတွင်းက ယူရိုပါလိဂ် ၁၆ သင်းအဆင့်မှာ တွေ့ဆုံယှဉ်ပြိုင်ခဲ့တဲ့ မန်ယူနဲ့လီဗာပူး ပွဲစဉ်အတွင်း ပရိသတ်များကြား အချင်းများမှုတွေလည်း ဖြစ်ခဲ့ပါတယ်။
Source & Photo: Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ