EPL: နိုက်ကလပ်မယ်ဟောင်းနဲ့ လက်ထပ်မယ့် ဗာဒီရဲ့ မင်္ဂလာပွဲကို မိဘတွေ သဘောမတူ

ဗာဒီရဲ့ မင်္ဂလာပွဲကို မိဘတွေ တက်ရောက်မှာ မဟုတ်ပါဘူး။

play

 

မေလ ၂၅ ရက်နေ့ဖြစ်တဲ့ ယနေ့မှာ အင်္ဂလန်တိုက်စစ်မှူး ဗာဒီက ချစ်သူ ဘက်ကီနီကိုးလ်ဆင်နဲ့ မင်္ဂလာပွဲ ဆင်နွှဲတော့မှာဖြစ်ပါတယ်။ ဗာဒီအတွက်စိတ်မကောင်းစရာ တစ်ခုက ဒီမင်္ဂလာပွဲကို သူ့ရဲ့မိဘတွေသဘောမတူတာပဲ ဖြစ်ပါတယ်။

play

 

နီကိုးလ်ဆင်နဲ့ လက်ထပ်မှာကိုဗာဒီရဲ့ မိဘတွေက သဘောမတူတာကြောင့် ဒီမင်္ဂလာပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့သိရပါတယ်။ အကြောင်းပြချက်ကတော့ နီကိုးလ်ဆင်က နိုက်ကလပ်မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ အလုပ်သမတစ်ဦးဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။ နီကိုးလ်ဆင်ဟာ ဗာဒီထက်လည်း အသက်ကြီးသူဖြစ်ပြီး ၃၄ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။

play

 

ဗာဒီကို ငယ်စဉ်ကတည်းက ပြုစုခဲ့တဲ့ မိခင်ဖြစ်သူနဲ့ ပထွေးဖြစ်သူတို့နှစ်ဦး စောင့်ရှောက်ခဲ့တာဖြစ်ပါတယ်။ " အရမ်းရှက်ဖို့ကောင်းပါတယ်။ ဝမ်းနည်းဖို့လည်းကောင်းတယ်" လို့ဗာဒီရဲ့ ပထွေးဖြစ်သူဖီးလ်က ဒေးလီးစတားသတင်းစာကို ပြောခဲ့ပါတယ်။

play
ဗာဒီ၏ ပထွေးဖြစ်သူ ဖီးလ်

 

ဗာဒီတို့မင်္ဂလာပွဲမှာ အခမ်းအနားအတွက် ပိုက်ဆံသိပ်အကုန်မခံပဲ မိတ်ဆွေတွေကို အရက်တိုက်ဖို့သာ ပိုက်ဆံ များများအကုန်ကျခံဖို့ နီးကိုးလ်ဆင်က စီစဉ်ထားပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ