EPL: ဟားလ်စီးတီး ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာ

ပရီးမီးယားလိဂ်ကို နောက်ဆုံးတန်းတက်လာတဲ့ အသင်းဖြစ်ပါတယ်။

play

 

လာမယ်နှစ်ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရဖို့ ဟားလ်စီးတီးနဲ့ ရှက်ဖီးလ်တို့ play-off နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ခဲ့ရာမှာ ဟားလ်စီးတီးက တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၆-၁၇ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ဟားလ်စီးတီးကို မြင်တွေ့ရကြရတော့မှာပါ။

play

 

အခုပြီးစီးသွားတဲ့ ဘောလုံးရာသီ ချန်ပီယံရှစ်မှာ ဟားလ်စီးတီးအသင်းက အဆင့်-၄ သာရခဲ့လို့ ပရီးမီးယားလိဂ်ကို play-off ကစားပြီးမှ ရောက်လာခဲ့တာဖြစ်ပါတယ်။ ရှက်ဖီးလ်အသင်းနဲ့ ကစားခဲ့တဲ့ နောက်ဆုံးပွဲစဉ်မှာ ဟားလ်စီးတီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ကွင်းလယ်တိုက်စစ်ကစားသမား ဒီယာမီက ပွဲချိန် ၇၂ မိနစ်မှာ သွင်းယူခဲ့တာပါ။

play

 

ဟားလ်စီးတီးအသင်းဟာ ၂၀၁၄-၁၅ ဘောလုံးရာသီအပြီးမှာ ချန်ပီယံရှစ်ကို တန်းဆင်းသွားခဲ့ရပြီးနောက် တစ်နှစ်အကြာမှာ ပြန်တက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ လာမယ့်နှစ် ဘောလုံးရာသီအတွက် တန်းတက်အသင်းတွေထဲမှာ ဟားလ်စီးတီးက နောက်ဆုံးရောက်လာတဲ့အသင်း ဖြစ်ပါတယ်။ မစ်ဒယ်ဘရော့နဲ့ ဘန်လေကိုလည်း ပရီးမီးယားလိဂ်မှာ မြင်တွေ့ရတော့မှာပါ။

Source : Goal/ Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ