EPL: ရိုင်ယန်ဂစ်၏ အနာဂတ်အတွက် မော်ရင်ဟိုနှင့် ယခုတစ်ပတ် ဆွေးနွေးမည်

မော်ရင်ဟို ရောက်လာပြီးတဲ့နောက် ရိုင်ယန်ဂစ် အသင်းကထွက်ရမယ့် အခြေအနေ ဖြစ်လာပါတယ်။

play

 

မန်ယူအသင်း နည်းပြအဖွဲ့ဝင် ရိုင်ယန်ဂစ်က အသင်းနဲ့ဆက်သွားမယ့်အနာဂတ်ကို ယခုတစ်ပတ်အတွင်း အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။ မော်ရင်ဟိုနဲ့အတူ တာဝန်တိတိကျကျယူရတဲ့ အလုပ်တစ်ခုမရဲခဲ့ဘူးဆိုရင် ရိုင်နယ်ဂစ်က မန်ယူအသင်းကို စွန့်ခွာဖွယ်ရှိနေပါတယ်။

play

 

လက်ရှိအချိန်မှာ ရိုင်ယန်ဂစ်က အားလပ်ရက်ခရီးစဉ် ဒူဘိုင်းကို ရောက်နေပေမဲ့ မကြာခင်မှာ အသင်းအမှုဆောင်ချုပ်ဝုဒ်ဝက်၊ နည်းပြမော်ရင်ဟိုတို့နဲ့ ယခုတစ်ပတ်အတွင်း တွေ့ဆုံ ဆွေးနွေးသွားဖွယ် ရှိပါတယ်။ ဒေးဗစ်မိုယက်နဲ့ လူးဝစ္စှဗန်ဟားလ်တို့ လက်ထက်မှာ ရိုင်ယန်ဂစ်က လက်ထောက်နည်းပြအဖွဲ့ဝင် ဖြစ်ခဲ့ပေမဲ့ မော်ရင်ဟိုနဲ့အတူ လက်ထောက်နည်းပြနှစ်ဦး ပါဝင်လာတာကြောင့် ရိုင်ယန်ဂစ်ရဲ့အနာဂတ် မရေမရာဖြစ်နေတာပါ။

play

 

အခြားသတင်းတစ်ရပ်အရ ရိုင်ယန်ဂစ်ကို လူငယ်အသင်းနည်းပြချုပ်နေရာ ပေးသွားမယ်လို့လည်း ဆိုပါတယ်။ လူငယ်အသင်းနဲ့ လူငယ်အကယ်ဒမီအတွက် ရိုင်ယန်ဂစ်ကို ခန့်အပ်ခဲ့ရင်တော့ အရင် ကစားဖော်ဟောင်း နစ်ကီဘတ်နဲ့ အလုပ်တွဲလုပ်ရမှာပါ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ