EPL: မန်ယူဂိုးသမားဟောင်းကို လက်စတာ ခေါ်ယူနိုင်တော့မည်

, updated

လာမယ့်ရာသီ ချန်ပီယံလိဂ် ကစားရမှာဖြစ်တဲ့ လက်စတာက လူအင်အားထပ်ဖြည့်ဖို့ ကြိုးစားနေတာပါ။

play

 

ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းက မန်ယူအသင်း ဂိုးသမားဟောင်း ဇီလာကို ယခုနှစ်နွေရာသီ ပထမဆုံး ခေါ်ယူမှုအဖြစ် ခေါ်ယူသွားမယ်လို့ သိရပါတယ်။ ဇီလာက မန်ယူအသင်းမှာ နေရာမရခဲ့တဲ့အတွက် နော်သမ်တန်အသင်းကို အငှားချခံခဲ့ရပြီး ၂၀၁၀ ခုနှစ်မှာ ဂျာမနီကလပ် ဟန်နိုဗာကို ရောက်ခဲ့တာဖြစ်ပါတယ်။

play

 

ဟန်နိုဗာအသင်းအတွက် ၁၇၅ ပွဲကစားထားတဲ့ ရွန်ရောဘတ်ဇီလာကို လက်စတာအသင်း ပေါင် ၃ သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ယခုရက်ပိုင်းအတွင်း လက်စတာအသင်းနဲ့ ဂိုးသမားဇီလာ စာချုပ်ကိစ္စအတွက် နောက်ဆုံးအဆင့် ဆွေးနွေးနေပြီလို့ ဗြိတိန်မီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။

play

 

ဇီလာက မန်ယူလူငယ်အသင်းမှာ ကစားခဲ့ပေမဲ့ စီနီယာအသင်းမှာ ပွဲထွက်ခွင့်ရဖို့ အခြေအနေမပေးခဲ့သူဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ဘရာဇီးကမ္ဘာ့ဖလား ပြိုင်ပွဲမှာ  ဂျာမနီလက်ရွေးစင်အသင်းအတွက် ရွေးချယ်ခြင်း ခံရပေမဲ့ တစ်ပွဲမှ  ပါဝင်ကစားခွင့် မရခဲ့ပါဘူး။ လာမယ့်ရာသီမှာ လက်စတာက ချန်ပီယံလိဂ်ပြိုင်ပွဲကိုပါ ကစားရမှာဖြစ်တဲ့အတွက် နည်းပြရေနီယာရီက လူအင်အားထပ်ဖြည့်ဖို့ ကြိုးစားနေတာပါ။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ