EPL: ဂျူဗင်တပ်မှ မိုရာတာ ပရီးမီးယားလိဂ် ရောက်ဖို့ ပိုနီးစပ်လာ

, updated

ပရီးမီးယားလိဂ်က သူနဲ့သင့်တော်မယ်လို့ မိုရာတာက အရိပ်အမြွက်ပြောပါတယ်။

play

 

ဂျူဗင်တပ်အသင်း တိုက်စစ်မှူး မိုရာတာက လာမယ့်ဘောလုံးရာသီသစ်မှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ အရိပ်အမြွက်ပြောကြားလိုက်ပြီဖြစ်ပါတယ်။ မိုရာတာကို အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းက ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့လည်း ဆိုပါတယ်။

play

 

အထူးသဖြင့် အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက မိုရာတာကို ဒီနှစ်အပြောင်းရွှေ့ဘောလုံးရာသီမှာ နံပါတ် ၁ ဦးစားပေးခေါ်ယူမယ့် တိုက်စစ်မှူးအဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။ အရင်ကလည်း မိုရာတာကို အာဆင်နယ်အသင်း နှစ်ကြိမ်ကမ်းလှမ်းခဲ့ဖူးကြောင်း သိရပါတယ်။ မိုရာတာကို ရီးရဲလ်မက်ဒရစ်က ဂျူဗင်တပ်အသင်းထံ ရောင်းချခဲ့တာဖြစ်ပြီး တကယ်လို့ ရီးရဲလ်မက်ဒရစ် ပြန်လိုချင်တယ်ဆိုရင် ပေါင် ၂၃ သန်းခန့်နဲ့ ဝယ်ယူနိုင်မယ့် သဘောတူညီချက်ပါရှိပါတယ်။

play

 

ဒါကြောင့် အာဆင်နယ်အသင်းက ဂျူဗင်တပ်အသင်းကို မကမ်းလှမ်းဘဲ ရီးရဲလ်မက်ဒရစ်ထံ တိုက်ရိုက်ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ အခု မိုရာတာကလည်း နောက်ရာသီမှာ သူ့အတွက် အခွင့်အရေးများများရတဲ့ အသင်းထံကို ပြောင်းရွှေ့မှာ ဖြစ်တယ်လို့ ပြောပါတယ်။

play

 

"ကျွန်တော်ပွဲများများကစားချင်တယ်။ အရေးပါတဲ့ကစားသမားအဖြစ် ကစားပေးချင်တယ်။ ကျွန်တော့်ပုံစံနဲ့ဆိုရင်တော့ ပရီးမီးယားလိဂ်ကလည်း ရွေးသင့်တဲ့နေရာလို့ ထင်တာပါပဲ" လို့ မိုရာတာက ပြောခဲ့ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ