EPL: ဂွါဒီယိုလာကို အာရုံမစိုက်ဘူးလို့ ပြောတဲ့ မော်ရင်ဟို

ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်က ဂွါဒီယိုလာတစ်ဦးတည်း မဟုတ်ဘူးလို့ မော်ရင်ဟိုက ပြောပါတယ်။

play

 

မန်ယူအသင်းနည်းပြပြသစ် ဖြစ်လာတဲ့ မော်ရင်ဟိုက လာမယ့်ရာသီမှာ သူ့ရဲ့ပြိုင်ဘက်ဟောင်းဖြစ်တဲ့ နည်းပြဂွါဒီယိုလာနဲ့ မန်စီးတီးအသင်းကိုသာ အာရုံစိုက်ပြီး ယှဉ်ပြိုင်သွားမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်ကို မော်ရင်ဟိုကိုင်တွယ်ခဲ့စဉ်က စပိန်လာလီဂါပြိုင်ပွဲမှာ ဘာစီလိုနာနည်းပြ ဂွါဒီယိုလာနဲ့ အဓိကရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အရင်တုန်းက ရှိခဲ့တဲ့ ဂွါဒီယိုလာနဲ့ ပြိုင်ဆိုင်မှု အခြေအနေတွေဟာ အခုမတူတော့တဲ့အတွက် ဂွါဒီယိုလာကို အာရုံစိုက်နေမှာမ ဟုတ်ဘူးလို့ မော်ရင်ဟိုက ပြောတာပါ။ မော်ရင်ဟိုနဲ့ ဂွါဒီယိုလာက လာလီဂါပြိုင်ပွဲမှာ မကြာခဏ ဆိုသလို မီဒီယာတွေကတဆင့် စကားများခဲ့ကြဖူးပါတယ်။ ဒ့ါအပြင် ၁၀၁၁ ခုနှစ်တုန်းကလည်း ဂွါဒီယိုလာရဲ့နည်းပြအဖွဲ့ဝင်တစ်ဦးမျက်လုံးကို မော်ရင်ဟိုက လက်နဲ့ထိုးပြီး ရန်ဆောင်ခဲ့ဖူးပါသေးတယ်။

play

 

"အရင်က သူ(ဂွါဒီယိုလာ)နဲ့ ကျွန်တော်လိဂ်ပြိုင်ပွဲမှာ ပြိုင်ဘက်တွေဖြစ်ခဲ့ရတယ်။ အဲဒီတုန်းကလည်း ချန်ပီယံဖြစ်ဖို့က သူ့အသင်းဒါမှမဟုတ် ကျွန်တော့်အသင်းပဲရှိတာလေ။ ပရီးမီးယားလိဂ်မှာတော့ သူ့ကိုပဲ ကျွန်တော်အာရုံစိုက်နေမှာမဟုတ်ဘူး။ သူနဲ့ကျွန်တော် တစ်ယောက်နဲ့တစ်ယောက် အာရုံစိုက်နေမယ်ဆိုရင် ချန်ပီယံအသင်းက အခြားအသင်းတစ်သင်း ဖြစ်သွားပါလိမ့်မယ်" လို့ ပြောပါတယ်။

play

 

လွန်ခဲ့တဲ့ လေးနှစ်အတွင်းပရီးမီးယားလိဂ် ချန်ပီယံလေးသင်း ဖြစ်ခဲ့တဲ့အတွက် ဆွဲဆောင်မှုအရှိဆုံး လိဂ်ပြိုင်ပွဲအဖြစ် မော်ရင်ဟိုကသုံးသပ်ပါတယ်။ နှစ်စဉ် ရုပ်သံနဲ့ အသင်းဝင်ငွေတွေ တိုးတက်လာတာကလည်း လိဂ်အောင်မြင်ခြင်းရဲ့ လက္ခဏာ ဖြစ်တယ်လို့ မော်ရင်ဟိုက ပြောပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ