EPL: နည်းပြသစ် မော်ရင်ဟိုအပေါ် အသင်းခေါင်းဆောင် ရွန်နေး၏ ပထမဆုံး မှတ်ချက်စကား

မော်ရင်ဟိုအကြောင်းကို ရွန်နေးက ပထမဆုံးအကြိမ် လူသိရှင်ကြား မှတ်ချက်ပေးလိုက်တာပါ။

play

 

မန်ယူအသင်းနည်းပြဖြစ်သစ် ဖြစ်လာတဲ့ မော်ရင်ဟိုဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးဖြစ်တယ်လို့ မန်ယူအသင်းခေါင်းဆောင် ဝိန်းရွန်နေးက ပြောကြားလိုက်ပါတယ်။ ဒါဟာ နည်းပြသစ်နဲ့ ပတ်သတ်ပြီး ရွန်နေးဆီက ပထမဆုံးထွက်လာတဲ့ မှတ်ချက်စကား ဖြစ်ပါတယ်။

play

 

မော်ရင်ဟိုနဲ့ ရှေ့ဆက်ရမယ့် မန်ယူအသင်းရဲ့ အနာဂတ်အတွက်လည်း ရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်တယ်လို့ ဝိန်းရွန်နေးက ပြောကြားပါတယ်။ အင်္ဂလန်အသင်းနဲ့ ပေါ်တူဂီတို့ ကစားမယ့် ခြေစမ်းပွဲ မတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရွန်နေးက အခုလို ပြောခဲ့တာဖြစ်ပါတယ်။

play

 

"ဒါဟာစိတ်လှုပ်ရှား ရင်ခုန်စရာ အခိုက်အတန့်တစ်ခုပါ။ သူ(မော်ရင်ဟို)က ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အကြောင်းလည်း ကောင်းကောင်းသိတယ်လေ။ ကျွန်တော်တို့ ကောင်းကောင်းရှေ့ဆက်သွားဖို့ ကြိုးစားမှာပါ" လို့ ရွန်နေးက ပြောပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ