EPL: မော်ရင်ဟိုနှင့် တွဲလုပ်ရန် ငြင်းဆန်ပြီး ရိုင်နယ်ဂစ် အသင်းကထွက်တော့မည်

မော်ရင်ဟိုရဲ့ ကမ်းလှမ်းချက်တွေကို ရိုင်ယန်ဂစ်ဘက်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။

play

 

မန်ယူအသင်းနည်းပြအဖွဲ့ဝင် ကစားသမား ရိုင်နယ်ဂစ်က မော်ရင်ဟိုနဲ့အသင်းရဲ့ ကမ်းလှမ်းချက်ကို ပယ်ချပြီး  အလုပ်ကထွက်ဖို့ ဆုံးဖြတ်ပြီးသွားပြီလို့ သိရပါတယ်။ မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ နည်းပြသစ် မော်ရင်ဟိုဘက်က ရိုင်ယန်ဂစ်ကို အသင်းမှာဆက်နေဖို့ ရာထူးသစ်တစ်ခုနဲ့ ကမ်းလှမ်းခဲ့တယ်လို့ ယုံကြည်ရပါတယ်။

play

 

အသင်းရဲ့ လူငယ်အကယ်ဒမီ၊ လူငယ်အသင်းတွေကို စောင့်ကြည့်ကိုင်တွယ်ရမှာဖြစ်ပြီး မန်ယူအသင်းကြီးနဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့ ရာထူးတစ်ခုကို ဂစ်ထံ မော်ရင်ဟိုက ကမ်းလှမ်းခဲ့တာ ဖြစ်နိုင်င်ချေရှိပါတယ်။ ဒါပေမယ့် ရိုင်ယန်ဂစ်ဘက်က ဒါကိုပယ်ချပြီး အသင်းကထွက်ခွာဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

မန်ယူအသင်းမှာ နည်းပြအဖွဲ့ဝင်အတွင်း ဆက်နေဖို့ အဆင်မပြေတော့တဲ့အတွက် အသင်းကစားသမားဟောင်းလည်းဖြစ်တဲ့ ရိုင်ယန်ဂစ်က အခြားအသင်တစ်သင်းကို ကိုင်တွယ်ဖို့ အသင်းကထွက်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ