EPL: ဒေါ့မွန်ကစားသမား ဂန်ဒိုဂန် မန်စီးတီး ရောက်ပြီ

နည်းပြဂွါဒီယိုလာလက်ထက် မန်စီးတီးအတွက် ပထမဆုံး ခေါ်ယူမှု ဖြစ်ပါတယ်။

play

 

မန်စီးတီးအသင်းက ယခုနှစ်နွေရာသီပထမဆုံးခေါ်ယူမှုအဖြစ် ဒေါ့မွန်အသင်း ကစားသမား ဂန်ဒိုဂန်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။ ခွဲစိတ်မှု ပြုလုပ်ပြီး ဒဏ်ရာက သက်သာလာတာ မကြာသေးတဲ့ ဂန်ဒိုဂန်ဟာ မကြာခင်ကျင်းပမယ့် ယူရို ၂၀၁၆ ပြိုင်ပွဲကိုလည်း လွဲချော်မှာ ဖြစ်ပါတယ်။

play

 

ကွင်းလယ်ကစားသမား ဂန်ဒိုဂန်ကို မန်စီးတီးအသင်းအပြင် ဘာစီလိုနာနဲ့ ဂျူဗင်တပ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် ဒေါ့မွန်ကို စွန့်ခွာရတော့မှာဖြစ်ကြောင်း ဂန်ဒိုဂန်က ယနေ့ဝန်ခံပြောကြားလိုက်တာပါ။

play

 

" ဒေါ့မွန်အသင်းနဲ့ အောင်မြင်တဲ့ ငါးနှစ်တာကို ဖြတ်သန်းနိုင်ခဲ့လို့ ကျွန်တော်ပျော်ရွှင်ရပါတယ်။ ဒါကြောင့်လည်း ဂျာမနီအသင်းမှာ ပါဝင်ကစားဖို့ အခွင့်အရေးတွေ ရလာခဲ့တာပါ။ အခုတော့ အခွင့်အရေးကောင်းတွေ ရမယ်လို့ ယုံကြည်တဲ့အတွက် ဂွါဒီယိုလာနဲ့ မန်စီးတီးကို ကျွန်တော်ပြောင်းရွှေ့တော့မှာပါ" လို့ ဂန်ဒိုဂန်က ပြောခဲ့တာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂန်ဒိုဂန်ကို ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်ခဲ့တာလို့ ခန့်မှန်းရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ