EPL: ဂျူဗင်တပ်ကြယ်ပွင့်ကို မန်ယူ ပေါင်သန်း ၆၀ ဖြင့် ကမ်းလှမ်းထားဟု ဆို

ဒီမာရီယာရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးကို ချိုးဖျက်ဖို့ နီးစပ်နေပါတယ်။

play

 

ဂျူဗင်တပ်အသင်း ကြယ်ပွင့်ကစားသမား ပေါ့ဂ်ဘာကို ခေါ်ယူဖို့ မန်ယူအသင်းဘက်က ပေါင်သန်း ၆၀ လောက်အသုံးပြုပြီး ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒီနွေရာသီမှာ နည်းပြမော်ရင်ဟိုနဲ့ မန်ယူအသင်းအတွက် အဓိကပစ်မှတ်ထားပြီး ခေါ်ယူမယ့် ပေါ့ဂ်ဘာကို ဘာစီလိုနာအသင်းကလည်း ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

play

 

ပေါ့ဂ်ဘာရဲက ပြောင်းရွှေ့ကြေးအတွက် မန်ယူအသင်းဘက်က လတ်တလော ပေါင် ၄၈ သန်းလောက် ပေးချေရဖွယ်ရှိပါတယ်။ လက်ကျန် ၁၂ သန်းကို လာမယ့်နှစ်တွေအတွင်း ထပ်ပေါင်း ပေးချေဖို့ ကမ်းလှမ်းထားတာဖြစ်တယ်လို့ သိရပါတယ်။အပြောင်းရွှေ့ဖြစ်လာခဲ့မယ်ဆိုရင် အသင်းရဲ့ ဈေးအကြီးဆုံးကစားသမားအဖြစ်စံချိန်တင်ထားတဲ့ ဒီမာရီယာရဲ့ ပေါင် ၅၉ သန်းစံချိန်ကို ချိုးဖျက်ဖို့ နီးစပ်နေပါတယ်။

play

 

 ဂျူဗင်တပ်အသင်းဘက်ကတော့ မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို ပြန်လည်တုန့်ပြန်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်က မန်ယူအသင်းမှာ နည်းပြဖာဂူဆန်နဲ့ အဆင်မပြေဖြစ်ပြီးနောက် အသင်းကထွက်ခဲ့ရတဲ့ ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူဖို့ ဖာဂူဆန်နဲ့ မန်ယူအသင်းဘုတ်အဖွဲ့ ထိပ်တိုက်တွေ့ဖွယ် ရှိနေပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ