EPL: အဲဗာတန်နည်းပြသစ် ဖြစ်လာဖွယ်ရှိသည့် နည်းပြ ရော်နယ်လ်ကိုးမန်း

မက်မောဖွယ်ကောင်းတဲ့ ဆွဲဆောင်မှုတွေနဲ့ အဲဗာတန်ဘက်က ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

play

 

အဲဗာတန်အသင်းက နည်းပြမာတီနက်ဇ်နဲ့ လမ်းခွဲလိုက်ပြီးတဲ့နောက် ဆောက်သမ်တန်အသင်းနည်းပြ ရော်နယ်ကိုးလ်မန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ အဲဗာတန်က နည်းပြ ရော်နယ်လ်ကိုးမန်းကို တစ်နှစ်လစာ ပေါင် ၇ သန်းခန့်နဲ့ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။

play

 

ဒါ့အပြင် အဲဗာတန်အသင်းဘက်က နည်းပြရော်နယ်ကိုးလ်မန်းကို လက်ရှိနွေရာသီ အပြောင်းရွှေ့ဈေးကွက်အတွင်းမှာ ကစားသမားဝယ်ဖို့အတွက် ငွေကြေးအတိုင်းအတာ တစ်ခုအထိ သုံးစွဲနိုင်ဖို့လည်း ကတိပေးပြီး ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နည်းပြကိုးလ်မန်းနဲ့ အဲဗာတန်ဆွေးနွေးမှုဟာ ယခုတပတ်အတွင်း ပြီးပြတ်သွားမယ်လို့ မျှော်လင့်ရပြီး နောက်တစ်ပတ်မှာ တရားဝင်ကြေငြာနိုင်မယ်လို့ သိရပါတယ်။

play

 

ဆောက်သမ်တန်အသင်းဘက်က ဘဏ္ဍာရေးပြဿနာ အနည်းငယ်ရှိပြီး အဲဗာတန်အသင်းလောက် ငွေကြေးတောင့်တင်းမှု မရှိတာကြောင့် ရော်နယ်လ်ကိုးလ်မန်းကို လက်လွှတ်ရဖွယ် ရှိနေပါတယ်။ လာမယ့် ရာသီမှာ အဲဗာတန်အသင်းရဲ့ မျှော်လင့်ချက်က ရာသီအကုန်မှာ အဆင့်-၄ အတွင်းပြန်ဝင်ဖို့ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ