EPL: တိုက်စစ်မှူး ဗာဒီ အာဆင်နယ် ရောက်တော့မလား

ပေါင်သန်း ၂၀ ပေးရင် ဗာဒီကိုခေါ်ယူနိုင်မယ်ဆိုတဲ့ သဘောတူညီချက် ရှိထားပါတယ်။

play

 

လာမယ့်ရာသီအတွက် တိုက်စစ်အင်အားဖြည့်တင်ဖို့ အာဆင်နယ်အသင်းက လက်စတာအသင်းတိုက်စစ်မှူး ဗာဒီအပြောင်းအရွှေ့ကို ဆွေးနွေးနေတယ်လို့ သိရပါတယ်။ တိုက်စစ်မှူး ဗာဒီနဲ့ လက်စတာအသင်း စာချုပ်ထဲမှာ ပေါင်သန်း ၂၀ ပေးရင် ဝယ်ယူနိုင်မယ်ဆိုတဲ့ သဘောတူညီချက် ပါရှိပါတယ်။

play

 

အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဖြစ်လာတဲ့ ဗာဒီကို အာဆင်နယ်အသင်းအပါအဝင် အခြားသော အင်္ဂလန်ကလပ်အသင်း တွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လီဗာပူးအသင်းလည်း ပါဝင်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့်ရထားတဲ့ အသင်းမျိုးသား ဗာဒီကို ခေါ်ယူနိုင်ဖို့ အခွင့်အလမ်းပိုများလျှက်ရှိပါတယ်။

play

 

တိုက်စစ်မှူး ဗာဒီက လက်ရှိလက်စတာအသင်းမှာ တစ်ပတ်လုပ်ခလစာ ပေါင် ခြောက်သောင်းသာ ရရှိသူဖြစ်ပါတယ်။ အာဆင်နယ်က ခေါ်ယူမယ်ဆိုရင် ဗာဒီက တစ်ပတ်လုပ်ခလစာ ပေါင် တစ်သိန်းနှစ်သောင်းနဲ့ လေးနှစ်စာချုပ် ချုပ်ဆိုချင်တာဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ