EPL: အီဗရာဟီမိုဗစ်ခ်ျ စာချုပ်ကိစ္စ မန်ယူရက်ပိုင်းအတွင်း ကြေညာဖွယ်ရှိ

နည်းပြမော်ရင်ဟိုလက်ထက် ပထမဆုံး ခေါ်ယူတဲ့ ကစားသမား ဖြစ်လာနိုင်ပါတယ်။

play

 

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူးဟောင်း အီဗရာဟီမိုဗစ်ခ်ျကို တစ်နှစ်စာချုပ်နဲ့ မန်ယူအသင်း ခေါ်ယူမယ့်ကိစ္စကို မကြာခင် ရက်ပိုင်းအတွင်း တရားဝင်ထုတ်ပြောနိုင်ဖွယ်ရှိတယ်လို့ Sky Sports သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

play

 

အီဗရာဟီမိုဗစ်ခ်ျကို ခေါ်ယူကြောင်း အသင်းဘက်က ရက်ပိုင်းအတွင်း အတည်ပြုခဲ့မယ်ဆိုရင် နည်းပြသစ် မော်ရင်ဟို လက်ထက်မှာ ပထမဆုံး ခေါ်ယူနိုင်တဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာတော့မှာပါ။ အီဗရာဟီမိုဗစ်ခ်ျနဲ့ မန်ယူအသင်း ဆွေးနွေးနေမှုဟာ နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ သိရပါတယ်။ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျနဲ့ နည်းပြမော်ရင်ဟိုဟာ ၂၀၀၈ ခုနှစ်တုန်းက အင်တာမီလန်အသင်းမှာ လက်တွဲခဲ့ကြဖူးသူတွေ ဖြစ်ပါတယ်။

play

 

မန်ယူအသင်းမှာ မားကပ်စ်ရက်ရှ်ဖို့ဒ်လို လူငယ်တိုက်စစ်မှူးလည်း ရှိနေတာကြောင့် လာမယ့်ဘောလုံးရာသီ တစ်ရာသီမှာ တိုက်စစ်အတွက် အီဗရာဟီမိုဗစ်ခ်ျတစ်ဦးတည်းကိုသာ လိုအပ်တယ်လို့ နည်းပြမော်ရင်ဟိုက ယုံကြည်ထားတာပါ။ ပြီးခဲ့တဲ့ ရာသီမှာ အီဗရာဟီမိုဗစ်ခ်ျက ပီအက်စ်ဂျီအတွက် ၅၂ ပွဲကစားပြီး ဂိုး ၅၀ သွင်းပေးနိုင်ခဲ့ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ