EPL: ၂၄ နာရီအတွင်း တိုက်စစ်မှူး ဗာဒီအပြောင်းအရွှေ့ကို အာဆင်နယ် အပြီးသတ်မည်

တနင်္ဂနွေနေ့မှာပဲ ဗာဒီက အာဆင်နယ်ကို ပြောင်းဖို့ ဆေးစစ်မှု ခံနေပြီဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ ရာသီမှာ လက်စတာအသင်းအတွက် ဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ တိုက်စစ်မှူး ဗာဒီကို အာဆင်နယ်အသင်း ကခေါ်ယူဖို့ သဘောတူညီမှု ရသွားပြီဖြစ်ပြီး ဆေးစစ်မှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ အာဆင်နယ်ဘက်က တိုက်စစ်မှူးဗာဒီရဲ့ အပြောင်းအရွှေ့ကို ဇွန်လ ၆ ရက်နေ့(တနင်္လာနေ့)မှာ ကြေငြာသွားဖွယ် ရှိနေပါတယ်။

play

 

တိုက်စစ်မှူး ဗာဒီအာဆင်နယ်ကို ပြောင်းရွှေ့သွားတဲ့အပေါ် လက်စတာစီးတီးပရိသတ်အချို့ မကျေမနပ် ဖြစ်နေကြပြီး ဇနီးဖြစ်သူ ရေဘက်ကာအပေါ် ဝေဖန်အပြစ်တင်လျှက်ရှိပါတယ်။ နည်းပြ အာစင်ဝင်းဂါးနဲ့ တိုက်စစ်မှူး ဗာဒီတို့ ယနေ့လန်ဒန်မြို့မှာ တွေ့ဆုံမယ်လို့ ယူဆရပါတယ်။

play

 

လက်စတာတိုက်စစ်မှူး ဗာဒီကို ပေါင်သန်း ၂၀ ပေးမယ်ဆိုရင် ခေါ်ယူနိုင်မယ်ဆိုတဲ့ စာချုပ် ထည့်သွင်းချုပ်ဆို ထားတာကြောင့် အာဆင်နယ်အသင်းဘက်က ခေါ်ယူနိုင်ခဲ့တာလို့ သိရပါတယ်။ ဗာဒီကို အာဆင်နယ်က တစ်ပတ်လုပ်ခလစာ ပေါင်တစ်သိန်းနှစ်သောင်းလောက် ပေးချေရမှာ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ