EPL: မာရက်ဇ်လည်း လက်စတာကို စွန့်ခွာဖွယ် ရှိ

, updated

မာရက်ဇ်က လက်စတာအသင်းမှာ ဗာဒီထက် လုပ်ခလစာ နည်းပါးစွာ ရရှိနေပါတယ်။

play

 

လက်စတာ အသင်းချန်ပီယံဖြစ်ဖို့အတွက် ပြီးခဲ့တဲ့တစ်ရာသီလုံး ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်တိုက်စစ်မှူး  မာရက်ဇ်ဟာ အသင်းကထွက်ခွာတော့မယ်လို့ သိရပါတယ်။ အသင်းတိုက်စစ်မှူး ဗာဒီကို အာဆင်နယ်က ခေါ်ယူဖို့ နောက်ဆုံးအအဆင့် ရောက်နေတဲ့အချိန်မှာ မာရက်ဇ်လည်း အသင်းကထွက်တော့မယ်လို့ သတင်းထွက်လာတာပါ။

play

 

ပြီးခဲ့တဲ့ရာသီမှာ လက်စတာအတွက် ခြေစွမ်းပြခဲ့တဲ့ မာရက်ဇ်ကို အာဆင်နယ်အပြင်၊ ပီအက်စ်ဂျီတို့လို့ ဥရောပထိပ်သီးအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ မာရက်ဇ်က လက်စတာအသင်းနဲ့ ၂၀၁၅ သြဂုတ်လက နောက်ဆုံး စာချုပ် ချုပ်ဆိုထားခဲ့တာဖြစ်ပြီး တစ်ပတ် လုပ်ခလစာ ပေါင် သုံးသောင်းခွဲသာ ရတဲ့ကစားသမားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကပဲ လက်စတာက ဗာဒီကို တစ်ပတ်လုပ်ခလစာ ပေါင် ရှစ်သောင်းပေးဖို့ တိုးမြှင့်ချုပ်ဆိုထားပါတယ်။

play

 

ဘယ်အသင်းကို ပြောင်းရွှေ့မယ်ဆိုတာမျိုး သတင်းထွက်မလာသေးပေမဲ့ ကမ်းလှမ်းမှုများစွာ ရရှိထားတာကြောင့် လက်စတာကထွက်ဖို့ မာရက်ဇ် ဆုံးဖြတ်ထားပြီးပြီလို့ ဆိုပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ