EPL: အမှုပိတ်ရန် ချယ်လ်ဆီးဘက်က ပေါင် ၁.၂ သန်းဖြင့် ကမ်းလှမ်းသော်လည်း အီဗာကာနီရို ပယ်ချ

အသင်းဆရာဝန်ဟောင်း အီဗာကာနီရိုက ချယ်လ်ဆီးရဲ့ ကမ်းလှမ်းချက်ကို ပယ်ချလိုက်ပါတယ်။

play

 

ချယ်လ်ဆီးအသင်းဘက်က လျော်ကြေး ပေါင် ၁.၂ သန်းပေးပြီး အမှုကျေအေးဖို့ ကမ်းလှမ်းချက်ကို အသင်းဆရာဝန်ဟောင်း ဒေါက်တာ အီဗာကာနီရိုက ပယ်ချလိုက်ပါတယ်။ ချယ်လ်ဆီးအသင်း မန်နေဂျာဟောင်း မော်ရင်ဟိုနဲ့ ပြဿနာဖြစ်ပြီးနောက်ပိုင်း ဒေါက်တာအီဗာကာနီရိုက ပြီးခဲ့တဲ့ စက်တင်ဘာလမှာ အသင်းကထွက်ခွာခဲ့တာပါ။

play

 

နည်းပြဟောင်း မော်ရင်ဟိုက အီဗာကာနီရိုကို လိင်ပိုင်းဆိုင်ရာခွဲခြားစော်ကားတဲ့ စကားနဲ့ စော်ကားခဲ့တဲ့အတွက် အသင်းနဲ့ နည်းပြဟောင်းကို  အခုလို တရားစွဲထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးနဲ့ ဆွမ်ဆီးအသင်းတို့ တွေ့ခဲ့စဉ်က ဒဏ်ရာရသွားတဲ့ ဟာဇက်ကြောင့် ခွင့်ပြုချက်မတောင်းဘဲ ကွင်းထဲပြေးဝင်သွားတဲ့ အသင်းဆရာဝန် အီဗာကာနီရိုအပေါ် မော်ရင်ဟိုက ဝေဖန်ခဲ့တာဖြစ်ပါတယ်။

play

 

ဒေါက်တာအီဗာကာနီရိုအပေါ် မော်ရင်ဟိုက ပြည့်တန်ဆာခေါင်းလို့ ခေါ်ပြီးစော်ကားပြောဆိုခဲ့သေးတယ်လို့ သိရပါတယ်။ အဲဒီပွဲစဉ်မှာ အီဗာကာနီရိုနဲ့ မော်ရင်ဟို ပြဿနာတက်ပြီးတဲ့ အချိန်ကစလို့ နောက်ပိုင်းပွဲစဉ်မှာ မော်ရင်ဟိုက သူမကို ကွင်းထဲမခေါ်ဘဲ ချန်ထားရစ်ခဲ့ပါတော့တယ်။

Source : Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ