EPL: မန်နေဂျာသစ်အဖြစ် ကိုးမန်းကို ခန့်အပ်ရန် အဲဗာတန် သဘောတူညီမှုရ

ကိုးမန်းကို အဲဗာတန်က ပေါင်စတာလင် ၅ သန်းဝန်းကျင်ဖြင့် စာချုပ်ချုပ်သွားမယ်လို့ ဆိုပါတယ်။

play


အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးအသင်း အဲဗာတန်က ရော်နယ်ကိုးမန်းကို မန်နေဂျာသစ်အဖြစ် ခန့်အပ်ရန် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။  အသက် ၅၃ နှစ်အရွယ် ကိုးမန်းဟာ ဆောက်သမ်တန်အသင်းမှာ မန်နေဂျာအဖြစ် ၂ နှစ်ကြာ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

play


ကိုးမန်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမကုန်ခင်မှာ အဲဗာတန်က ထုတ်ပယ်ခဲ့တဲ့ မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်နေရာကို အစားထိုး တာဝန်ယူသွားမှာပါ။ ကိုးမန်းကို အဲဗာတန်က ပေါင်စတာလင် ၅ သန်းဝန်းကျင်ဖြင့် စာချုပ်ချုပ်သွားမယ်လို့ ဆိုပါတယ်။

play


အဲဗာတန်အသင်းဟာ မာတီနက်ဇ် လက်ထက် မကြာသေးမီက ပြီးဆုံးခဲ့တဲ့ ဘောလုံးရာသီမှာ အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ကိုးမန်း ကိုင်တွယ်ခဲ့တဲ့ ဆောက်သမ်တန်အသင်းကတော့ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ပြီး ယူရိုပါလိဂ်ဝင်ခွင့်ရခဲ့ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ