EPL: မော်ရင်ဟိုနှင့် ချယ်လ်ဆီးအပေါ် အမှုကျေအေးရန် ကာနီရို သဘောတူ

, updated

ချယ်လ်ဆီးအသင်းဘက်က ဒေါက်တာကာနီရိုကို ပြန်လည်တောင်းပန်ခဲ့ရတယ်လို့ ဆိုပါတယ်။

play

 

ချယ်လ်ဆီးအသင်း ဆရာဝန်ဟောင်းဖြစ်တဲ့ အီဗာကာနီရိုဘက်က မော်ရင်ဟိုနဲ့ ချယ်လ်ဆီးအသင်းအပေါ် တရားစွဲထားတာကို ပြန်လည်ရုပ်သိမ်းပေးလိုက်တယ်လို့ သိရပါတယ်။ ဒီအတွက် ချယ်လ်ဆီးနဲ့ မော်ရင်ဟိုဘက်က အီဗာကာနီရိုကို စတာလင်ပေါင် သန်းဂဏန်းခန့် ပေးခဲ့ရဖွယ် ရှိနေပါတယ်။

play

 

ပြီးခဲ့တဲ့ တနင်္လာနေ့ကပဲ ချယ်လ်ဆီးအသင်းဘက်က အမှုကျေအေးပေဖို့ ဒေါက်တာကာနီရိုကို စတာလင်ပေါင် ၁.၂ သန်းနဲ့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမဲ့ အီဗာကာနီရိုက ပယ်ချလိုက်ပြီးနောက် ဒီကနေ့ ဇွန်လ ၇ ရက်နေ့မှာမှ အမှုကျေအေးဖို့ သဘောတူခဲ့တာပါ။ ချယ်လ်ဆီးဘက်က ဒေါက်တာကာနီရိုကို ပြန်လည်တောင်းပန်ခဲ့ပေမဲ့ မော်ရင်ဟိုကတော့ တောင်းပန်ခြင်းမပြုခဲ့ပါဘူး။

play

 

အသင်းဆရာဝန်ဟောင်း ကာနီရိုရဲ့ အဆိုအရ မော်ရင်ဟိုဟာ သူမကို ပြည့်တန်ဆာခေါင်းလို့ ဆဲရေးခဲ့ကြောင်း သိရပါတယ်။ အလုပ်ကထွက်ခဲ့ရပြီးနောက်ပိုင်း သူမအနေနဲ့ စိတ်ဓာတ်ကျဆင်းမှုတွေ ရင်ဆိုင်ခဲ့ရသလို ခက်ခဲတဲ့ အချိန်တွေ ကျော်ဖြတ်ခဲ့ရတယ်လို့ တရားရုံးကို ထွက်ဆိုခဲ့ပါတယ်။

Source : BBC/ Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ