EPL: ဒေါ့မွန်ကစားသမား အော့ဘာမီယန်းကို မန်စီးတီး ခေါ်ယူဖို့ နီးစပ်

, updated

နည်းပြဂွါဒီယိုလာလက်ထက် ဒုတိယမြောက် ခေါ်ယူတဲ့ ကစားသမား ဖြစ်လာနိုင်ပါတယ်။

play

 

နည်းပြသစ် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းက  ဒေါ့မွန်အသင်း ကစားသမား အော့ဘာမီယန်းကို ခေါ်ယူဖို့ ဆွေးနွေးနေမှု အခြေအနေ ကောင်းနေကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြကြပါတယ်။ ဒေါ့မွန်အသင်း တိုက်စစ်ကစားသမား အော့ဘာမီယန်းအတွက် မန်စီးတီးအသင်းက ပေါင်သန်း ၅၀ လောက်ပေးချေရဖွယ် ရှိတယ်လို့ သိရပါတယ်။

play

 

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂါဘွန်လက်ရွေးစင် ကစားသမား အော့ဘာမီယန်းကို မန်စီးတီးအသင်းအပြင် ရီးရဲလ်မက်ဒရစ်ကလည်း ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အော့ဘာမီယန်းအတွက် မန်စီးတီးက ပြောင်းရွှေ့ကြေး သန်း ၅၀ အထိပေးဖို့ ကမ်းလှမ်းခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်ကို အသာစီးရခဲ့တာဖြစ်ပါတယ်။

play

 

နည်းပြဂွါဒီယိုလာက ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်တဲ့အချိန်မှာ ဒေါ့မွန်အသင်း ကစားသမား အော့ဘာမီယန်းရဲ့ ခြေစွမ်းကို နီးနီးကပ်ကပ် တွေ့မြင်ခွင့်ရပြီးနောက် ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ တစ်နှစ်ကို ပေါင် ၁၀ သန်းခန့် လစာငွေ ရရှိမှာလည်းဖြစ်တယ်လို့ သိရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ