EPL: မော်ရင်ဟိုလက်ထက် ပထမဆုံး ခေါ်ယူသည့် ကစားသမား အဲရစ်ဘေလီ

, updated

ပေါင်သန်း ၃၀ ပေးရတဲ့ နောက်ခံ ကစားသမား ဖြစ်လာပါတယ်။

play

 

ဗီလာရီးရဲလ်နောက်ခံကစားသမား အဲရစ်ဘေလီကို မန်ယူအသင်းက အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ နည်းပြသစ် မော်ရင်ဟိုလက်ထက်မှာ ပထမဆုံး ခေါ်ယူနိုင်တဲ့ ကစားသမားအဖြစ် ဘေလီက မှတ်တမ်းဝင်သွားခဲ့ပါပြီ။

play

 

အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ ဗီလာရီးရဲလ်ကစားသမား ဘေလီဟာ ဥရောပအဆင့်မြင့်တန်း ပြိုင်ပွဲမှာ ပွဲပေါင်း ၄၀ သာကစားဖူးသေးတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ မန်ယူအသင်းမှာ ကစားခွင့်ရဖို့ ဖြစ်လာတာဟာ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခြင်းဖြစ်တယ်လို့ ဘေလီက ပြောကြားခဲ့ပါတယ်။ အိုင်ဗရီကို့စ် ကစားသမားလည်းဖြစ်တဲ့ ဘေလီကို မန်ယူအသင်းအပြင် ဘိုင်ယန်မြူးနစ်၊ မန်စီးတီးနဲ့ ဘာစီလိုနာအသင်းတို့ကလည်းခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါသေးတယ်။

play

 

အဲရစ်ဘေလီက အသက်ငယ်ရွယ်သေးပေမဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်လာဖို့ အခွင့်အရေးများစွာ ရှိနေသူ ဖြစ်တယ်လို့ နည်းပြမော်ရင်ဟိုက မှတ်ချက်ပြုခဲ့ပါတယ်။ မော်ရင်ဟိုလက်ထက်မှာ ပထမဆုံးခေါ်ယူတဲ့ ကစားသမားဖြစ်လာတာဟာ ဂုဏ်ယူစရာ ဖြစ်တယ်လို့ ဘေလီက မန်ယူတီဗွီကို ပြောကြားခဲ့ပါသေးတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ