EPL: မန်ယူကစားသမားသစ် အဲရစ်ဘေလီအကြောင်း လူသိနည်းတဲ့ အချက် (၅) ချက်

, updated

ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာနိုင်သူလို့ မော်ရင်ဟိုက မှတ်ချက်ပြုထားသူပါ။

play

 

နည်းပြမော်ရင်ဟိုလက်ထက်မှာ ပထမဆုံးခေါ်ယူနိုင်ခဲ့တဲ့ ကစားသမားသစ်ဟာ အများမျှော်လင့်ခဲ့သလို တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျ မဟုတ်ခဲ့ဘဲ လူသိနည်းတဲ့ ဗီလာရီးရဲလ် နောက်ခံလူ အဲရစ်ဘေလီ ဖြစ်လာခဲ့ပါတယ်။

ထိပ်သီးကစားသမားတွေအကြားမှာ မထင်ပေါ်ခဲ့တဲ့တဲ့ကစားသမားဖြစ်ပေမယ့် မော်ရင်ဟိုကတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာဖို့ အလားအလာရှိသူလို့ မှတ်ချက်ပေးထားပါတယ်။ သူ့အကြောင်း လူသိနည်းတဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ အထနှေးခဲ့သူ

play

 

အသက် ၂၀ အရွယ်လောက်အထိ ဘေလီက အသင်းကြီးနဲ့အတူ ပွဲထွက်ခွင့် ရခဲ့တာမဟုတ်ပါဘူး။ အက်စ်ပန်ညိုအသင်းကြီးနဲ့ ၂၀၁၄ ခုနှစ်အောက်တိုဘာလ ရောက်မှသာ  ပထမဆုံးပွဲထွက်ခွင့်ရခဲ့တာပါ။ ပထမဆုံး အက်စပန်ညိုနဲ့ ပွဲထွက်ခဲ့တဲ့ ရာသီမှာလည်း ငါးပွဲသာ ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။

၂။ ကိုလိုတိုယေး မျိုးဆက်သစ်

play

 

အိုင်ဗရီကို့စ် လက်ရွေးစင် အသင်းမှာ ကိုလိုတိုယေးနေရာအစားဝင်လာတဲ့ ကစားသမားဖြစ်ပါတယ်။ အဆင့်မြင့်တန်းမှာ ကစားတဲ့အတွေ့အကြုံ သိပ်မရသေးခင်မှာပဲ အိုင်ဗရီကို့စ် အသင်းအတွက် အရေးပါသူ ဖြစ်လာခဲ့ပြီး အာဖရိကနိုင်ငံများဖလား ချန်ပီယံဖြစ်ခဲ့ပါသေးတယ်။

၃။ ဗီလာရီးရဲလ် ကစားသမားဘဝ

play

 

၂၀၁၅ ခုနှစ်မှာ ဗီလာရီးရဲလ်အသင်း နောက်ခံလူ ဂါဘရီရယ်လ်ကို အာဆင်နယ်က ဝယ်ယူလိုက်တဲ့အတွက် သူ့အနေရာအစားထိုးဖို့ ဘေလီကို ခေါ်ယူခဲ့တာပါ။ ဗီလာရီးရဲလ်နဲ့ ပထမဆုံး ဆယ်ပွဲ ကစားခဲ့ရာမှာ ငါးပွဲက ပေးဂိုးမရှိခဲ့ပါဘူး။ နောက်တော့ အသင်းအတွက် ပထမပွဲထွက်ကစားသမား ဖြစ်လာပါတယ်။

၎။ အတွေ့အကြုံနည်းသူ

play

 

ပေါင်သန်း ၃၀ ပေးရတဲ့ ကစားသမားဖြစ်ပြီး ဘေလီဟာ အဆင့်မြင့်တန်းမှာ စုစုပေါင်း ပွဲပေါင်း ၄၀ သာ ကစားရသေးသူဖြစ်ပါတယ်။ သူ့ရဲ့ပြောင်းရွှေ့ကြေးနဲ့ အချိုးကျတွက်မယ်ဆိုရင် တစ်ပွဲကို ပေါင် ခုနှစ်သိန်းခွဲလောက် ကျမှာပါ။

၅။ ကြမ်းကြမ်းတမ်းတမ်း ကစားတတ်သူ

play

 

ဘေလီဟာ နောက်ခံကစားသမားပီပီ ကြမ်းကြမ်းတမ်းတမ်း ကစားတတ်သူဖြစ်ပါတယ်။ ဗဟိုနောက်ခံလူဖြစ်ပေမဲ့ တစ်ခါတစ်ရံ အသင်းက တိုက်စစ်ဆင်တဲ့အခါ ရှေ့ကို လိုက်ပါကစားတတ်သူဖြစ်ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ