EPL: တိုက်စစ်မှူး ကော်စတာ ချယ်လ်ဆီးကို စွန့်ခွာချင်နေဟု ဆို

ကော်စတာက စပိန်မြေကို ပြန်သွားချင်နေတာပါ။

play

 

ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာအနေနဲ့ ပရီးမီးယားလိဂ်ကို စွန့်ခွာပြီး စပိန်မြေကို ပြန်လာချင်နေကြောင်း အသလက်တီကိုအသင်း ဥက္ကဌစီရီဇိုက ပြောကြားလိုက်ပါတယ်။ တိုက်စစ်မှူး ကော်စတာက အသလက်တီကိုကလည်း ပြန်ခေါ်ဖို့ ကြိုးပမ်းနေကြောင်း ဥက္ကဌစီရက်ဇ်က အတည်ပြုခဲ့ပါတယ်။

play

 

ဒါပေမယ့် ဆွေးနွေးဆဲ အဆင့်သာရှိပြီး ချယ်လ်ဆီးနဲ့ စာချုပ်ရှိနေဆဲ ကော်စတာအပြောင်းအရွှေ့ကိစ္စဟာ ရှုပ်ထွေးမှု အနည်းငယ်ရှိနေတယ်လို့ စီရီဇိုက ပြောပါတယ်။ တိုက်စစ်မှူး ကော်စတာဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာ ရုန်းကန်ခဲ့ရတဲ့အပြင် ကွင်းအတွင်း အပြုအမူတစ်ချို့ကြောင်း အင်္ဂလန်မီဒီယာတွေရဲ့ ဖိအားပေးရေးသားမှုကိုလည်း ခံနေရသူဖြစ်ပါတယ်။

play

 

ဒါပေမယ့် ကော်စတာရဲ့ အနာဂတ်ဟာ ချယ်လ်ဆီးနည်းပြသစ် ကွန်တီရဲ့ ဆုံးဖြတ်ချက်အပေါ်မှာလည်း မူတည်နေတယ်လို့ ဆိုပါတယ်။ ကွန်တီက လတ်တလောမှာ အီတလီအသင်းနဲ့ ယူရိုပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့အတွက် ကော်စတာ အပြောင်းအရွှေ့ဟာ ချက်ခြင်းသဘောတူညီမှုရလာဦးမှာ မဟုတ်ပါဘူး။ အသင်းပြောင်းရွှေ့ဖို့အတွက် ကော်စတာနဲ့ ကွန်တီဆွေးနွေးမှုဟာ အကောင်းဘက်ကို ဦးတည်နေကြောင်း အင်္ဂလန်မီဒီယာတွေက ဖော်ပြကြပါတယ်။

Source : 90 Minutes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ