EPL: မာရက်ဇ်၏ ပြောင်းရွှေ့ကြေးကို လက်စတာ ပေါင်သန်း ၃၀ သတ်မှတ်မည်

လက်စတာက မာရက်ဇ်ကို စာချုပ်သက်တမ်းတိုးဖို့ မအောင်မြင်မဘူးဆိုရင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ သတ်မှတ်မှာ ဖြစ်ပါတယ်။

play

 

အသင်းမှာ ဆက်ရှိဖို့ မသေချာဖြစ်နေတဲ့ ကွင်းလယ်ကစားသမား မာရက်ဇ်ကို လက်စတာအသင်းက တစ်ပတ်လုပ်ခလစာ ပေါင် တစ်သိန်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ မာရက်ဇ်ဘက်က လက်စတာရဲ့ စာချုပ်ကိုငြင်းပယ်ခဲ့မယ်ဆိုရင်တော့ လက်စတာအသင်းက မာရက်ဇ်ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၃၀ သတ်မှတ်မယ်လို့ ဆိုပါတယ်။

play

 

အသင်းကစားသမား မာရက်ဇ်ကိုယ်တိုင်ကလည်း လာမယ့်နှစ်အတွက် လက်စတာအသင်းမှာ ဆက်ရှိမလားဆိုတာ မသေချာသေးဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဝန်ခံလိုက်ပါတယ်။ လက်စတာချန်ပီယံဖြစ်ပြီးနောက် တစ်နှစ်တာ အကောင်းဆုံးပရီးမီးယားလိဂ် ကစားသမားဆု ရခဲ့တဲ့ မာရက်ဇ်ကို အာဆင်နယ်နဲ့ မန်ယူအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

play

 

မာရက်ဇ်အသင်း အခြားလက်စတာထိပ်သီးကစားသမားတွေဖြစ်တဲ့ ဗာဒီနဲ့ ကန်တေတို့ကိုလည်း ထိပ်သီးအသင်းတွေက ခေါ်ယူဖို့ ကြိုးပမ်းလျှက်ရှိပါတယ်။ "ဘာသဘောတူညီမှုမှ မရှိသေးပါဘူး။ ဘာမှလည်း မဆုံးဖြတ်ရသေးပါဘူး။ စောင့်ကြည့်ကြပါဦးလို့ပဲ ပြောပါစေ" လို့ မာရက်ဇ်က ပြောပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ