AD
AD
AD
play

 

ပရီးမီးယားလိဂ် ကလပ်အဲဗာတန်အသင်းက ဆောက်သမ်တန်အသင်းနည်းပြ ရော်နယ်ကိုးလ်မန်းကို နည်းပြအဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ဒီကနေ့မှာ တရားဝင် ကြေငြာလိုက်ပါတယ်။

play

 

အဲဗာတန်အသင်းက အရင်နည်းပြဟောင်း မာတီနက်ဇ်ကို မေလအတွင်းမှာ ရာထူးက ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ အဆင့် ၁၁ သာရခဲ့ပြီးနောက် မာတီနက်ဇ်နဲ့ လမ်းခွဲဖို့ အဲဗာတန်အသင်းဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းကို ၂၀၁၄ ခုနှစ်မှာ ရောက်ရှိလာတဲ အဲဗာတန်နည်းပြကိုးလ်မန်းက ၂၀၁၅-၁၆ ဘောလုံးရာသီမှာ ဆောက်သမ်တန်အသင်းကို အဆင့်  ၇ နဲ့ရာသီသိမ်းစေပြီး ယူရိုပါလိဂ် ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့တဲ့နည်းပြဖြစ်ပါတယ်။

play

 

ဟော်လန်နိုင်ငံသားနည်းပြ ကိုးလ်မန်းကို အဲဗာတန်အသင်းက သုံးနှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့တာပါ။ " အဲဗာတန်ပရိသတ်တွေ၊ ကလပ်အသင်းနဲ့ ကစားသမားတွေအားလုံး ပူးပေါင်းပြီး ခိုင်မာအောင်မြင်တဲ့ အနာဂတ်ကို ပိုင်ဆိုင်မယ်လို့ ကျွန်ယုံကြည်ပါတယ်" ဆိုပြီး နည်းပြသစ် ရော်နယ်ကိုးလ်မန်းက အဲဗာတန်အသင်း ဝက်ဘ်ဆိုက်ကို ပြောခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD